အခန်း (၁၆၂)
"ငါ မနာလို ဖြစ်မိတယ်။ နွေရာသီစတိုးရဲ့ ဟားမက်အိတ်တွေက ဗီဒိုထဲမှာ ရှိနေပြီး အိတ်တစ်လုံးနဲ့တင် ငါ့အိမ်နားမှာ ရှိတဲ့ တိုက်ခန်းကို ဝယ်လို့ရနေပြီ"
"အမေ့ရေ... ဒီအိမ်က ဘယ်လို မယုံနိုင်စရာ အိမ်မျိုးလဲ။ ဒီအိမ်မှာ ကိုယ်ပိုင်ဥယျာဉ်နဲ့ ရေပူစမ်းတောင် ရှိတာလား"
"ဗီလာရဲ့ အပြင်အဆင်ကို ကြည့်ရတာ ငါနည်းနည်း ရင်းနှီးနေသလိုပဲ။ အကယ်လို့ ရေပူစမ်းပါတဲ့ ဗီလာရဲ့ တည်နေရာက မြို့တော်မှာ ဖြစ်မယ်ဆိုရင် အစ်မနေတဲ့ နေရာကို ငါသိလိမ့်မယ် ထင်တယ်။ အဲ့မှာ နေနိုင်တဲ့လူက သာမန်တော့ မဟုတ်လောက်ဘူး"
[အဲဒါ ဘယ်မှာလဲ ဆိုတာ ငါလဲသိတယ်။ ဒါပေမဲ့ သူမရိုက်ထားတဲ့ ဗီဒီယိုက သိပ်မတိကျပဲ ဆက်သွယ်ဖို့ရာ မရှိလို့ ငါလည်း သိပ်မသေချာဘူး။ ဒါပေမဲ့ အိမ်က တကယ်ပဲ အဲ့မှာဆိုရင် တန်ဖိုးက ယွမ်သန်းတစ်ရာ အထက်မှာ ရှိပြီး ချမ်းသာတဲ့လူသာ တတ်နိုင်လိမ့်မယ်]
[ဟုတ်တယ်။ ညီမက အံ့ဩစရာပဲ။ ဒီအိမ်မှာ အပြစ်အနာရှိတဲ့ ပစ္စည်းအတုတွေကို သူမရောင်းတာ မဖြစ်နိုင်ဘူးလို့ ငါထင်တယ်]
အန်းရှ ဗီဒီယို တင်ပြီးနောက်တွင် လူထု၏ မကောင်းသော အမြင်များ လျင်မြန်စွာ ပျောက်ကွယ််သွားသည်။
နားလည် လွယ်စေခဲ့သော ထိုကဲ့သို့ ထင်ပေါ်စေသည့် ကြွယ်ဝခြင်း ဗီဒီယိုသည် Weibo တွင် ရှာဖွေမှု အများဆုံး ရရှိသည်။
ဇိမ်ခံပစ္စည်းတွေကို စိတ်မဝင်စားတဲ့ အင်တာနက် သုံးစွဲသူများကလည်း စိတ်ဝင်စားလာကြသည်။
ဆယ်သန်းတန် အဝတ်ဗီဒိုရှိသော နွေရာသီ တစ်ပတ်ရစ် စတိုးဆိုင်သည် ကောင်းကင်ထိရှိတဲ့ ရေပူစမ်း ဗီလာစံအိမ်ကြီးဖြစ်သည်။
ဒီလို နာမည်ကြီး ခေတ်စားနေတဲ့ ခေါင်းစဉ်ကို အင်တာနက် သုံးစွဲသူတွေက မသိချင်ဘဲ ဘယ်လိုနေနိုင်မှာလဲ။
လူများစွာက ကလစ်ပြီး ဗီဒီယိုကိုကြည့် ပြီးနောက်တွင် သူတို့သည် ကြိုက်နှစ်သက်ကြပြီး တဆင့် တဆင့် ပေးပို့ခဲ့ကြသည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်