အခန်း (၁၆၃)
"ဟေး ဟော်စစ်"
အင်တာနက်ပေါ်ရှိ ထိုကိစ္စများကြောင့် ဟော်စစ်က ဖုန်းဆက်လိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
တကယ်တော့ သူမ၏ Weibo အကောင့် အကြောင်းကို ဟော်စစ်ကို မပြောပြခဲ့ပေ။
ဒါပေမဲ့ သူ့အတွက် ဒါကို ခန့်မှန်းဖို့က မဖြစ်နိုင်ဘူး။ နောက်တော့ ဟော်စစ်သည် သူမ၏ ရေပူစမ်း ဗီလာသို့ ရောက်ရှိလာခဲ့ပြီး သူ၏ကုမ္ပဏီအတွက် ရင်းနှီးမြှုပ်နှံရန် ပစ္စည်းတချို့ရောင်းခဲ့သည်ဟု သူမက ဆိုခဲ့သည်။
"ရှရှ ဒီကိစ္စနဲ့ ပတ်သတ်ပြီး မင်းစဉ်းစားထားတာ ရှိလား"
အန်းရှက ပြုံးပြီး ပြောလိုက်သည်။
"ငါ ဘာလုပ်နိုင်မှာလဲ။ ရှေ့နေတစ်ယောက်ပဲ ငှားဖို့လိုတာ။ ဒါပေမဲ့ ငါ့သူငယ်ချင်းက အမြဲတမ်း အလုပ်ရှုပ်နေ ပြီးတော့ ရှေ့နေကို ငါဘယ်လို ငှားရမလဲ မသိဘူး"
အကယ်၍ ချန်းရွှယ်မင်သာ အလုပ်မရှုပ်ဘူး ဆိုလျှင် ထိုတရားစွဲဆိုမှုအတွက် သူမကိုလုပ်ဖို့ တောင်းဆိုလိမ့်မည်။
သူမ၏ ကိစ္စလေးသေးကြောင့် အလှုပ်မရှုပ်စေချင်လို့ သူမဟာ ချန်းရွှယ်မင်ကို ဒုက္ခမပေးနိုင်ချေ။
ဟုတ်တယ် အန်းရှအတွက်တော့ ဒီကိစ္စက ကြီးကြီးမားမား မဟုတ်ချေ။
ဇိမ်ခံပစ္စည်းတွေကို ရောင်းပြီး နေထိုင်သွားမှာ မဟုတ်တဲ့အတွက် ဘာပဲဖြစ်ဖြစ် အခုက ပိုက်ဆံတွေကို စုမိနေပြီ ဖြစ်ပြီး အဲဒါကို ပိတ်လိုက်လို့ရပြီဖြစ်သည်။
သို့သော် ဒီလို အဖြစ်အပျက်မျိုး ကြုံတွေ့လိုက်ရတော့ သူမ အနည်းငယ် စိတ်တိုနေဆဲ ဖြစ်သည်။
"ရှရှ ဒီကိစ္စကို ငါနဲ့ထားခဲ့လိုက်ပါ။ လူထုအမြင်ကို ကြိုးကိုင်တဲ့ ဒီလို ကိစ္စမျိုးက ငါနဲ့ အကျွမ်းတဝင်ရှိတယ်"
အန်းရှက အနည်းငယ် သတိလွတ်သွားသည်။
"အာ ရှင်နဲ့ထားခဲ့ရမယ် မဟုတ်ဘူးလေ"
ဟုတ်ပေသည်။ သူမဘာသာ ဖြေရှင်းနိုင်ပေသည်။
ဒါပေမဲ့ အန်းရှ ပြောလို့ မပြီးခင်မှာပင် ဟော်စစ်က ဖြတ်ပြောလိုက်သည်။
YOU ARE READING
ဇာတ်လိုက်မရဲ့ သိမ်မွေ့နူးညံ့တဲ့ သူငယ်ချင်းလေး။
Romanceဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်