အပိုင်း ၉။ ပန်းပင်လယ်ထဲက အိမ်မက်ကမ္ဘာ
ကောင်လေးရဲ့ပြုံးနေတဲ့မျက်နှာလေးဟာ ငရဲမင်းကြီးရဲ့မျက်စံနက်ထက် ထင်ဟပ်နေ၏။
လူကြီးနဲ့ သူ့ရဲ့ ဘဝရေးရာကို စီမံပြီးနောက် နောက်ဆုံးတော့ ပတ်ဝန်းကျင်ကို သူ လေ့လာခွင့်ရသွားသည်။
အဆုံးအစမဲ့ပန်းပင်လယ်နဲ့ သူ့ရှေ့တည့်တည့်က ကြီးမားတဲ့ဧရာမပန်းပွင့်ကြီးတစ်ပွင့်တို့ကို သူမြင်လိုက်တော့ ရုတ်တရက် မလှုပ်မရှက်ဖြစ်သွားပြီး မျက်စိအစုံပြူးကာ ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။
အဲ့ဧရာမပန်းကြီးနဲ့ ယှဉ်လိုက်တော့ သူက တကယ့်သေးသေးပိစိလေးပဲ ဖြစ်သွား၏။
"ဒါ ဘယ်နေရာလဲ? ဘာလို့ ပန်းတွေအများကြီး ရှိနေတာလဲ? ထွက်ပေါက်ကဘယ်မှာလဲ?" ပန်းတွေကလှပပေမဲ့ ကောင်လေး ပိုဂရုစိုက်တာက ဘယ်လိုထွက်ရမလဲဆိုတာပင်။
ခေါင်းဆောင်တစ်ယောက်ရရှိဖို့ဆိုတာ သူ့အတွက် အရမ်းခက်သည်လေ။ သူ ဒီမှာ အပိတ်မခံနိုင်ဘူး။
"ဒါ ကိုယ်တော့ရဲ့ကမ္ဘာပဲ" ငရဲမင်းကြီးက ဒီအတိုင်း ဂရုမစိုက်ဘဲ ပြောလိုက်၏။ သူပြောလိုက်သည်နှင့် ပန်းတွေက ပွင့်အာလာကြကာ ကောင်လေးရဲ့နားရွက်တွေကို လေပြေညှင်းလေး တိုက်ခတ်သွားချိန်မှာတော့ ပန်းတွေရဲ့ရီမောသံတွေကြားလိုက်ရသလို ခံစားမိသွားသည်။
ကောင်လေးက ခေါင်းခါလိုက်ပြီး မှားကြားမိတာနေမှာလို့ပဲ ယူဆလိုက်၏။
"ဒါဆို ကျွန်တော်တို့ဘယ်လိုထွက်နိုင်မလဲ? ခင်များ ကျွန်တော့ကိုပါ အပါခေါ်သွားရမယ်နော်!"
လူကြီးက သူ့ကိုတစ်ယောက်တည်းထားခဲ့မှာ ကောင်လေးကြောက်နေသည်။ တကယ်လို့သာ သူ့ခေါင်းဆောင်က သူမပါဘဲ ထွက်ပြေးသွားမယ်ဆိုရင် ဒီပန်းတွေအောက် ထိုင်ငိုဖို့ပဲ သူတတ်နိုင်တော့မည်။
ဘုရင်ကြီးက ခြေတစ်လှမ်းလှမ်းလိုက်တာနဲ့ သူ့ခြေဖဝါးအောက်မှာ မြစိမ်းရောင်လမ်းတစ်ခု ပေါ်လာသည်။ သူခြေလှမ်း လှမ်းလိုက်တိုင်းမှာ သူ့ခြေလှမ်းနဲ့အတူ မြစိမ်းရောင်လမ်းက မြစိမ်းရောင် ကဗ္ဗလာ ကော်ဇောခင်းထားသည့်အလား ရှေ့သို့ တိုးတိုးသွားကာ အချိန်တိုအတွင်းမှာပဲ မြစိမ်းရောင်ကော်ဇောက မိုင်ထောင်ချီ ရှည်သွားပြီး အခြားသော မြစိမ်းရောင်ကော်ဇောတို့ဟာလည်း အရပ်မျက်နှာအနှံ့ ဖြန့်ကျက်သွားတော့သည်။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...