အပိုင်း ၁၆။ ဈေးလည်ခေါင်
ကောင်းကင်ထွတ်ထိပ်နန်းတော်သည် အနားယူည မြို့တော်၏ အချက်အချာနေရာတွင် တည်ရှိပြီး နန်းတော်ကနေ သွားနိုင်သောအရပ်မျက်နှာ အဖက်ဖက်သို့ သွားနိုင်သည့် လမ်းကြောင်းများစွာရှိသည်။
ပတ်ဝန်းကျင်အဆောက်အအုံတွေသည် ကောင်းကင်ထွတ်ထိပ်နန်းတော်လို မလှပသော်လည်း နည်းမျိုးစုံနှင့် လက်ရာမြောက်သည့် အဆောက်အအုံများ များစွာရှိပါသည်။ နယ်ပယ်ဒေသတစ်ခုထဲမှာပဲ ဆင်တူအဆောက်အအုံအများစု တည်ရှိနေခြင်းသည် အနားယူညမြို့တော်ကို အလွန်ပင်နှစ်လိုဖွယ်ဖြစ်စေပါသည်။
ထိုအဆောက်အအုံတွေအတွင်းမှာဆိုလျင် ငရဲပြည်၏ အဆင့်အမြင့်ဆုံးသောလူမျိုးဖြစ်သည့် ဘုံ ၃ဘုံတွင်ရှိသော ငရဲသားတို့ နေထိုင်ကြတာဖြစ်သည်။
သူတို့သည် ငရဲပြည်ကြီး ဖြစ်တည်တည်လာခြင်းကတည်းက ကမ္ဘာပေါ်တွင် တည်ရှိလာသည့် ပထမဆုံး လူမျိုးစုများဖြစ်ကြသည်။ ငရဲသားလို့ အတိုကောက် ခေါ်ကြပြီး ငရဲမင်းကြီးရဲ့ မျက်နှာသာပေးမှုကို ခံကြရသည့်သူများ ဖြစ်သည်။ ထို့ကြောင့် သူတို့အမြင်တွင် သူတို့က နောက်မှ မွေးဖွားလာသော အခြားလူမျိုးများထက်၊ သို့မဟုတ် နောက်မှ ဒီမြို့တော်ကိုပြောင်းလာသူတို့ထက် သာလွန်မြင့်မြတ်သည်ဟု မှတ်ယူကြသည်။ တချိန်တည်းမှာပဲ အခြားလူမျိုးစုတွေကလည်း ငရဲသားတွေက ငရဲမင်းကြီး၏ ထောက်ခံမှုကို ရရှိထားတယ်ဆိုတာ သိကြသည့်အတွက် ငရဲသားတွေအပေါ် အပြစ်မလုပ်ဝံ့ကြချေ။
ဒါဟာ ဘာ့ကြောင့် အနားယူညမြို့မှာ နယ်ပယ်ဒေသတွေအများကြီး ခွဲထားရသလဲဆိုတာပဲဖြစ်သည်။ မတူညီတဲ့လူမျိုးစုတွေက မတူညီတဲ့နယ်ပယ်ဒေသတွေမှာ နေထိုင်ကြပြီး ကိုယ်ပိုင်ယဉ်ကျေးမှုကိုယ်စီ ရှိကြသည်။
ကောင်လေးက ကောင်းကင်ထွတ်ထိပ်နန်းတော်ကနေ ပြေးထွက်လာပြီး သူနှင့်အတူ အမွှေးမဲ့ကြက်ပျံကိုပါ ခေါ်လာခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့မှာ မရိုးမဖြောင့်လုပ်တတ်တဲ့အကျင့်က ရှိသည်လေ။
သူ့အကျင့်ကို သေပြီးတာတောင် ပြောင်းဖို့စိတ်ကူးမရှိပေ။ ထို့ကြောင့် ဝတ်ပြုစားပွဲပေါ်က မိစ္ဆာ သားရဲဥ တစ်ဥကို အဝတ်ဖြူဝတ် အဘိုးအိုမသိအောင် သူ ခိုးကြောင်ခိုးဝှက် ယူလာခဲ့၏။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...