အပိုင်း ၅၅။ မထနိုင် ဖြစ်ရပြီ
ကမ္ဘာ့သစ်ပင်ရဲ့ သစ်သီးကို ဘုံသုံးဘုံမှာ အဖိုးအတန်ဆုံးရတနာလို့ ခေါ်ကြတာ အံ့ဩဖွယ်မဟုတ်။ သူ့အကူအညီနဲ့ ဖုန့်ရှီ ကောင်းကင်နတ်ဘုရားနယ်ပယ် အဆင့်ကိုးကို ရောက်ဖို့ ဆယ်ရက်ပဲ အချိန်ယူလိုက်ရတယ်။
ငရဲမင်းကြီးက ဖုန့်ရှီကို ကျင့်ကြံဆို့ အမြဲ တိုက်တွန်းနေတာဟာ အရမ်းကို အမျော်အမြင်ရှိတာပဲလို့ စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရားတို့ ဝန်ခံလိုက်ကြတယ်။ အဲ့လိုမှ မဟုတ်ရင် အဲ့လို အဆင့်အမြင့်ကို ဖုန့်ရှီ ရောက်မှာ မဟုတ်။
အသက်ဆယ့်ကိုးနှစ်ကောင်လေးတစ်ယောက်အနေနဲ့ ဖုန့်ရှီက ကောင်းကင်နတ်ဘုရားနယ်ပယ် အဆင့်ကိုးကို ရောက်ပြီးနေပြီဆိုတာက ဘုံသုံးဘုံက ဒိတ်ဒိတ်ကြဲ ဥာဏ်ကြီးရှင်တွေထက်ပိုပြီး ကြီးမားတဲ့အောင်မြင်မှုကို လုပ်နိုင်တာပဲ ဖြစ်တယ်။ နောက်ဆုံးတော့ ဖုန့်ရှီ ဘာမှမရှိတဲ့ သုံညအဆင့်ကနေ စတင်ကျင့်ကြံခဲ့တာ ခြောက်လတောင် မကြာသေးပေ။ စာအုပ်နတ်ဘုရားတောင် ဒီလို အံ့ဖွယ်ဖြစ်ရပ်မျိုး မကြားဖူး။
ဒါပေမဲ့ ဖုန့်ရှီရဲ့ ကျင့်ကြံမှု ကြီးမားတဲ့ အရှိန်အဟုန်ဟာ အားလုံး ငရဲမင်းကြီးကြောင့်လို့ မှတ်ယူနိုင်ကြောင်း စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရားတို့ သိကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒီသတင်း ပျံ့သွားခဲ့ရင် ချင်းမင်ယွိတစ်ယောက် ဘုံသုံးဘုံမှာ သူ ပါရမီအရှိဆုံးဆိုတဲ့ ခေါင်းစဉ်ကို သူ ဆုံးရှုံးသွားမှာ ဖြစ်တယ်။
ချင်းမင်ယွိက နတ်ဘုရားဘုရင်နယ်ပယ် အဆင့်ငါးကို အသက်ငယ်ငယ်မှာ ရောက်ခဲ့တာဖြစ်ပြီး အရမ်းကို အရည်အချင်းရှိတယ်၊ ဒါပေမဲ့ သူက အသက်ငါးဆယ့်ကိုးနှစ် ရှိနေပြီဖြစ်တယ်။ အသက် ၁၉နှစ်ပဲ ရှိသေးတဲ့ ဖုန့်ရှီနဲ့ နှိုင်းယှဉ်ရင် အဘိုးအိုတစ်ယောက်လို့ သတ်မှတ်လို့ရနေပြီ ဖြစ်တယ်။ ဖုန့်ရှီ ကောင်းကင်နတ်ဘုရားနယ်ပယ် အဆင့်ကိုးကို ရောက်ရခြင်း အကြောင်းရင်းက သူ ကမ္ဘာ့သစ်သီးကို စားလိုက်လို့ ဆိုပေမဲ့ ရလဒ်ကတော့ အရာရာကို ကိုယ်စားပြုနေသေးတယ်။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...