အပိုင်း ၁၄၈။ ရန်သူမှသည် အချစ်ပြိုင်ဘက်အဖြစ်သို့
လူအားလုံးရဲ့မျက်လုံးတို့က ဖုန့်ရှီထံ ရောက်လို့သွား၏။
ရေခဲချီလင်ရဲ့မျက်လုံးတို့က ပြုတ်ကျထွက်လုမတတ် ဖောင်းတက်နေသည်မှာ အတော်ကို ရယ်စရာကောင်းနေသည်။ သားရဲက ဖုန့်ရှီကို ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေကာ အတန်ကြာပြီးနောက် သူက ပါးစပ်ကို ဖြည်းညှင်းစွာ ဟလိုက်ပြီး ခါးသီးစွာရေရွတ်လိုက်သည်၊ ကြားလိုက်ရတာကို ခုတိုင် မယုံနိုင်သေးသည့်ပုံ၊
"အချိန်... အချိန်တစ်နှစ်ပဲ ကြာတယ်...နတ်ဘုရားဥဿျှောင်နယ်ပယ်ဆင့်ကိုရောက်ဖို့ကို...သေစမ်း... မင်း ငါ့လာနောက်နေတာပဲ..."
တခြားသူတွေက အဲ့စကားလုံးတွေကို မကြားရသေးခင်အထိ သူတို့မှားပြီးကြားလိုက်တာမဟုတ်ကြောင်းကို အတည်မပြုနိုင်ဖြစ်နေကြသည်။ အဲ့နောက်မှာတော့ သူတို့အားလုံး သူတို့ကိုယ်သူတို့ မြင့်တယ်လို့ အထင်ရောက်နေကြခြင်း ရပ်သွားကြတော့သည်။ ဒါပေမဲ့ သူတို့ ဖုန့်ရှီကို ထပ်ကြည့်လိုက်တဲ့အခါမှာတော့ သူတို့မျက်လုံးထဲက အကြည့်တို့က အရင်ကလောက် မနှစ်မမြို့ ဖြစ်မနေတော့ချေ။ သူတို့မျက်လုံးထဲမှာ အံ့အားတသင့်တို့သာ ကျန်တော့သည်။ တကယ်တမ်းတော့ ဖုန့်ရှီကို ထူးကဲဉာဏ်ကြီးရှင်လို့ ခေါ်ခြင်းပင်လျင် အထင်သေးရာရောက်နေသေးသည်။
ကောင်လေးက နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့်ကို တစ်နှစ်ကျင့်ကြံခဲ့ရုံနဲ့ ရောက်သွားခဲ့တာဖြစ်သည်။ သူ့အရည်အချင်းက အရမ်းကို ကြောက်မက်ဖွယ်!
"ငရဲမင်းကြီး၊ အရှင်မင်းကြီးမှာ တကယ်ကြီးကို ထက်ရှတဲ့မျက်လုံးအစုံ ရှိနေတာပဲ! ဂုဏ်ပြုပါတယ်!" မော့ဖိန်းမော့က အရင်ဆုံး ပြန်တုံ့ပြန်လာသူဖြစ်သည်။ သူက အရှေ့ခြေလှမ်းအနည်းငယ်တိုးသွားလိုက်ကာ ဘုရင်ကြီးကို စိတ်အားထက်သန်စွာ ဂုဏ်ပြုစကားဆိုလိုက်၏။ တစ်ချိန်တည်းမှာပဲ သူက တခြားသူတွေထက် အရင်ဦးဆုံး ပြန်တုံ့ပြန်နိုင်မှုအပေါ် သူ့ကိုယ်သူ အတော်ကံကောင်းသည်ဟု ခံစားလိုက်ရသည်။
သီးယွင်ထျန်းကလည်း ဘုရင်ကြီးကို ချက်ချင်းပင် ဂုဏ်ပြုလိုက်၏။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...