အပိုင်း ၃၆။ မကောင်းတဲ့ အကြံအစည်
မူးမတ် လေးယောက်က ငရဲပြည်မှာနေထိုင်ပြီး သူတို့ရဲ့ ကိုယ်ပိုင်နယ်မြေတွေ ကိုယ်စီ ပိုင်ဆိုင်ကြတယ်။
ငရဲပြည်က သူတို့ရဲ့ အသိုက်အမြုံလိုပဲ၊ အင်အား မျှခြေ ထိန်းဖို့အတွက် သူတို့တပ်တွေရဲ့ ဌာနချုပ်တွေက အနားယူည မြို့တော်မှာ တည်ရှိပါတယ်။
ဒါပေမဲ့ သူတို့ရဲ့ ဩဇာက နတ်ဘုရားနိုင်ငံတော်နဲ့ မိစ္ဆာနိုင်ငံတော်တွေအထိပါ သက်ရောက်တယ်လို့ ပြောကြတယ်။
အမတ်လေးယောက်က ငရဲမင်းကြီးရဲ့ ကွပ်ကဲမှုအောက်က အဓိကတပ်အင်အားစု ဖြစ်ပြီး မိသားစုလေးစု လို့လည်း လူသိများတယ်။ အဲ့ဒီ့မိသားစု လေးစုက ကိုယ်ပိုင်မြေပိုင်ဆိုင်ထားကြပြီး သမိုင်းကြောင်း အနှစ်ထောင်သောင်းချီတိုင်ကြာ တည်ရှိခဲ့ကာ ကိုယ်ပိုင်ယဉ်ကျေးမှုတောင် ရှိနေကြတာ ဖြစ်တယ။ မိသားစုတစ်စုစီက ကောင်းကင်နတ်ဘုရားနယ်ပယ်အဆင့် ရောက်ရှိနေကြတဲ့ ပညာရှင်တွေ အယောက် တစ်ထောင်ကျော် ရှိကြတယ်။ ဒါပေမဲ့ အဲ့ဒီ့ အလွန်စွမ်းအားကြီးတဲ့ ပညာရှင်တွေဟာ ခုလောလောဆယ် ငရဲပြည်မှာ မရှိကြ၊ နတ်ဘုရားနိုင်ငံတော်နဲ့ မိစ္ဆာနိုင်ငံတော်တို့ဆီ ရောက်နေကြတာဖြစ်တယ်။
အမတ်လေးယောက်အကြောင်း အမှန်တရားအားလုံးကို သိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ငရဲပြည်မှာ အမတ်လေးပါးရဲ့ ဂုဏ်ဒြပ်ဩဇဟာ ငရဲမင်းကြီးပြီးရင် ဒုတိယလိုက်ပါတယ်။ သူတို့ရဲ့ အစွမ်းထက်တဲ့ ခွန်အားတို့ကြောင့်လည်း သူတို့ကို ဘယ်သူကမှ မလိုအပ်ဘဲ ရန်မစဝံ့ပါဘူး။
မိသားစုလေးစုမှာ ခေါင်ချုပ်ကတော့ ငရဲသားတွေနဲ့ တည်ထောင်ထားတဲ့ ငရဲမိသားစုဖြစ်တယ်။ ငရဲမိသားစုက ရှေးပဝေဏသီထဲက ရှိတဲ့ လူမျိုးစုဖြစ်ပြီး ငရဲပြည်ဟာ သူတို့ရဲ့ မွေးဇာတိဖြစ်တယ်။ ငရဲမိသားစုရဲ့ အဆင့်အတန်းဟာ အခြား မိသားစု ၃စုနဲ့ တန်းမယှဉ်နိုင်ပါဘူး။ အကျိုးဆက်အနေနဲ့ ငရဲပြည်မှာ ဆိုရိုးတစ်ခုရှိပါတယ်၊ 'ငရဲမိသားစုကို သွားရှုပ်မှာထက် MCS မိသားစုကိုသာ သွားစော်ကားလိုက်ပါ' တဲ့။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasíaစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...