Please scroll down for Zawgyi.
အပိုင်း ၈၁။ ကောင်းကင်ဂိုဏ်း
နတ်ဘုရားနှင့် မိစ္ဆာနိုင်ငံတော်တွင် ကောင်းကင်ဂိုဏ်း၏ စွမ်းအားမှာ အလယ်အလတ်လောက် ရှိသည်။ သို့သော် ငရဲပြည်တွင်မူ ထိပ်တန်းဂိုဏ်းတစ်ခုအနေဖြင့် မှတ်ယူနိုင်သည်။
၎င်းမှာ ငရဲပြည်သည် နတ်ဘုရားနှင့်မိစ္ဆာနိုင်ငံတော်ထက် နောက်ကောက်ကျသည်ဟု မဆိုလိုပေ။ ငရဲပြည်သည် ငရဲမင်းကြီးတစ်ဦးတည်းကသာ အုပ်ချုပ်ပြီး ငရဲပြည်ကို ဝင်ရောက်ရန် အလွန်တင်းကျပ်သော စံသတ်မှတ်ချက်များစွာ ရှိသည်။ ထို့ကြောင့် ငရဲပြည်ရှိ လူဦးရေသည် နတ်ဘုရားနှင့်မိစ္ဆာနိုင်ငံတော်လောက် မကြီးမားပေ။ အကျိုးဆက်အနေဖြင့် ငရဲပြည်တွင် မိသားစုအနည်းငယ်ကသာ သူတို့တိုးတက်ရေးအတွက် အာရုံစိုက်ကြသည်။ ၎င်းမှာ ခိုင်ယာ့၊ ဆူးလားနှင့် ငရဲသားမိသားစုတို့ အဘယ်ကြောင့် သူတို့၏ လွှမ်းမိုးမှုကို နတ်ဘုရားနှင့်မိစ္ဆာနိုင်ငံတော်ကို တိုးချဲ့ရသည်ဆိုသည်ပင် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့၏ မိသားစုဝင်များကို ငရဲပြည်သို့ စေလွှတ်နေကြသော မိသားစု အမြောက်အများ ရှိနေဆဲပင်ဖြစ်သည်။
၎င်းမှာ နတ်ဘုရားများနှင့် မိစ္ဆာများအကြား စစ်ပွဲဖြစ်ပွါးမည်ဆိုလျင်တောင်မှ သို့မဟုတ် သူတို့ မနိုင်သည့် သူတို့၏ ရန်သူများနှင့် ရင်ဆိုင်တိုးမိခဲ့သည်ဆိုလျင်တောင်မှ ငရဲပြည်တွင်ရှိသော သူတို့မိသားစုဝင်များနှင့် ပိုင်ဆိုင်မှုများမှာ အပြည့်အဝလုံခြုံနေမည်ဖြစ်သောကြောင့်ပင် ဖြစ်သည်။
ထိုရည်ရွယ်ချက်ဖြင့် ကောင်းကင်ဂိုဏ်းသည် သူတို့၏ ဂိုဏ်းခွဲ ၃ ကို ငရဲပြည်တွင် လာထောင်ထားခြင်း ဖြစ်သည်။ ယန်းမင်းယွမ်သည် ထိုဂိုဏ်းခွဲ၏ အသင်းဝင်တစ်ဦးဖြစ်သည်။
ကောင်းကင်ဂိုဏ်းသည်လည်း အနားယူညမြို့တော်တွင် ပိုင်ဆိုင်မှုများ ရှိသည်၊ ဆိုလိုသည်မှာ သူတို့ နှစ်စဉ် များပြားသော ကျသင့်ငွေများကို ပေးဆောင်ရသည်။ သို့သော် ထိုအသုံးစရိတ်များမှာ ကောင်းကင်ဂိုဏ်း နှစ်စဉ်ဝင်ငွေ၏ တစ်ရာပုံ တစ်ပုံသာ ရှိသောကြောင့် ၎င်းအသုံးစရိတ်များမှာ ကောင်းကင်ဂိုဏ်းအတွက် မှုစရာမဟုတ်ချေ။ ထို့ကြောင့် ငရဲပြည်သို့ ဂိုဏ်း၏ပိုင်ဆိုင်မှုများကို လွန်ခဲ့သည့်နှစ်နှစ်ခန့်လောက်မှ လွှဲပြောင်းထားခဲ့သော်လည်း ငရဲပြည်တွင် ထိပ်တန်းအင်အားစုအဖြစ် ရပ်တည်နေပြီဖြစ်သည်။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...