102. Behind Their Back

1.6K 269 5
                                    

Please scroll down for Zawgyi.

အပိုင်း ၁၀၂။ သူတို့နောက်ကွယ်

(အပိုင်း ၁၀၁ မှာ ယဲ့ချားဖုန့်ကို ကာလွမ်သလာရဲ့ Second Brother လို့ ရေးထားတာကို ဒုတိယညီလို့ ပြန်ခဲ့ပါတယ်။ အခု ပြန်ပြင်ထားလိုက်ပါပြီ။ ဖြစ်ရမှာက ဒုတိယအစ်ကို ဖြစ်ဖို့ ပိုများပါတယ်။ ကာလွမ်သလာက အငယ် ဖြစ်နိုင်ပါတယ်။)

ကောင်းကင်ဖြိုဖျက်သားရဲက နှုတ်ခမ်းမတွန့်သွားဘဲ မနေနိုင်ဖြစ်သွားရကာ တွေးလိုက်သည်၊ 'သူ အခု ဘာကြီး တွေးနေတာလဲ?'

သားရဲမသိတာက ဖုန့်ရှီက အရင်ဘဝတုန်းက ဒိလိုမျိုး သွေးသံရဲရဲ တိုက်ပွဲတွေ မျက်မြင်ကြုံတွေ့ဖူးတယ်ဆိုတာပါပဲ။ ကောင်းကင်ဇာမဏီနိုင်ငံတော်က ငြိမ်းချမ်းမှုနဲ့ အလှမ်းကွာဝေးတဲ့နိုင်ငံဖြစ်သည်။​ မူးမတ်တွေက အချင်းချင်း ပူးပေါင်းကြကာ ဧကရာဇ်ကို အချိန်တိုင်း ပုန်ကန်နေသည်။​အဲ့အချိန်တုန်းက ဧကရာဇ်က စစ်တပ်ကို ဦးဆောင်ပြီး တိုက်ဖို့ရန် စစ်သေနာပတိကို အမိန့်ပေးခဲ့ရသည်။ စစ်ပွဲတွေက တစ်ခုထက်စ်ခု ပိုပို ဆိုးဝါးလာကာ အသက်ပေါင်း သန်းချီ သေဆုံးမှု ဖြစ်ပွါးခဲ့ကြ၏!

ဖုန့်ရှီ အဲ့တာကို မျက်မြင်ကိုယ်တွေ့ တွေ့မြင်လိုက်ရတုန်းက သူ့မှာ အတွေးတစ်ခုပဲသာ ရှိသည်။

ဒါတွေက ဖြစ်လာဖို့ ကြမ္မာပါလာပြီးသား၊ သူ တားဆီးနိုင်မှာမဟုတ် ဆိုပြီး သူ ခံစားလိုက်ရသည်။ စစ်ပွဲတွေက သူ မမြင်ချင်ရင်တောင်မှ ဘယ်လိုပဲဖြစ်ဖြစ် ဆက်ဖြစ်နေကြမှာပဲလေ။

အဲ့အပြင် ဖုန့်ရှီရဲ့အမြင်မှာဆိုရင် ဒါတွေက အကြောင်းရှိလို့ အကျိုးဖြစ်တာ။ သေသွားတဲ့လူတွေက ဘဝကူးပြောင်းနိုင်သေးတယ်။ သူတို့ သက်သာရာရသွားရင် သူ့လိုမျိုးပဲ သူတို့ဘဝကို ပျော်ရွှင်နိုင်ဦးမှာပါပဲ။​ အဲ့တာကြောင့် သူ သွေးသံရဲရဲမြင်ကွင်းတွေကို မြင်ရတာ မမုန်းဘူး၊ လူဆိုးတွေက သူတို့ ဘဝကူးပြောင်းသွားရင် လူကောင်းပြန်ဖြစ်သွားနိုင်တယ်လို့သာ သူ ခံစားရသည်။

တကယ်လို့ ကောင်းကင်ဖြိုဖျက်သားရဲက ဖုန့်ရှီဘာတွေးနေလဲ သိခဲ့မယ်ဆိုရင် သားရဲ သေချာပေါက် စကားလုံးတွေ ပျောက်ရှသွားမှာ။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now