114. Steamed Dishes?

1.5K 251 14
                                    

အပိုင်း ၁၁၄။ ဟင်းပေါင်း?

အဲ့တာကို ကြားတော့ လူတိုင်း ဘာပြောရမှန်းမသိ ဆွံ့အသွားကြတော့သည်။ သူတို့ ရယ်သင့်သလား၊ ငိုသင့်သလား မသိတော့ပေ။

နောက်ဆုံးတော့ စိတ်ရှုပ်မသွားဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြောနိုင်တာ ကာလွမ်သလာတစ်ယောက်ပဲရှိသည်၊ "မင်း မှားနေတာပါ!"

ဖုန့်ရှီက ရုတ်တရက် "အိုး" လို့ပြောလိုက်ကာ လူအုပ်ကို ရွှတ်နောက်နောက် ကြည့်လိုက်၏၊ အများစုက မျက်လုံးတွေနီရဲနေတယ်လေ။ သူ ကာလွမ်သလာပြောတာကို သိသိသာသာကြီးကို မယုံဘူး။

ကာလွမ်သလာက ကောင်လေးရဲ့အမူအယာကို မြင်တော့ ခေါင်းစဉ်အမြန်ပြောင်းလိုက်၏၊ "ပြဿနာတစ်ခုရှိတယ်လို့ မင်းပြောတယ်နော်" ကောင်လေးရဲ့ အနည်းငယ်စိတ်လှုပ်ရှားနေတဲ့အသံကို ကြားပြီးနောက် တစ်ခုခုတော့ မမှန်နေဘူးဆိုတာ သူ သိလိုက်သည်။ ဒါပေမဲ့ သူတို့ အခုလေးတင် သေရေးရှင်ရေး တိုက်ပွဲတစ်ခု တိုက်ပြီးခဲ့တာကြောင့် အရမ်းကြီးအရေးကြီးတာမျိုးတော့ မဖြစ်နိုင်။

"အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က ဆူးလားမိသားစုခေါင်းဆောင်ကို တွေ့ချင်လို့တဲ့။" ဖုန့်ရှီက ဗလာသပ်သပ်ကြည့်လိုက်ပြီး အမြန် တုံ့ပြန်လိုက်သည်။

ဒီလူနှစ်ယောက်က နေရာကူးပြောင်းစက်နဲ့ပတ်သက်ပြီးလည်း စပ်စုချင်စရာအချို့ကို ပြောခဲ့သေးသည်။ သူတို့ဘာဆိုလိုလည်း သူ အသေအချာနားမလည်ပေမဲ့ နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်က အရမ်းကျယ်ပြောပြီး ငရဲပြည်ထက်တောင် ပိုကြီးတယ်လို့ သူ သိသွားခဲ့သည်။ အဲ့တာက သူ့ရဲ့စပ်စုချင်စိတ်ကို လင်းလက်သွားစေကာ အကျိုးဆက်အနေနဲ့ သူ စူးစမ်းဖို့ ယားနေတော့သည်။ (အရမ်းကို စူးစမ်းချင်နေတော့သည်။)

"ငါတို့အားလုံး တစ်ချက် ထွက်ကြည့်ကြရအောင်!" ကျန်းပါးလားက ပြောလိုက်သည်။

ချက်ချင်းပဲ လူအုပ်က အပြင်ဘက် ထွက်လာကြကာ သူတို့မျက်နှာမှာ သိချင်စိတ်တွေ ပေါ်နေကြ၏။ အစောပိုင်းတုန်းက သူတို့မျက်နှာမှာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ပြည့်နေပေမယ့် စိတ်ပျက်အားငယ်ရိပ်တွေ သန်းနေခဲ့သည်။ အခုတော့၊ သူတို့ရဲ့အမူအယာတွေက အဲ့လို လုံးဝမဟုတ်တော့။ ဆူးလားမိသားစု ဘေးကင်းသွားနိုင်ပြီဆိုတာ သူတို့သိလိုက်ရတာကြောင့် အလွန်အမင်း စိတ်လှုပ်ရှားလွန်းတာကြောင့် သူတို့ ရက်အနည်းငယ်လောက် အိပ်ပျော်နိုင်မှာမဟုတ်တော့သလိုပင်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now