107. Tricked and Kissed

1.7K 305 26
                                    

Please scroll down for Zawgyi.

အပိုင်း ၁၀၇။ လှည့်စားပြီးနမ်း

အဲ့လူရဲ့နာမည်က ယင်းမျယ်ဖြစ်ပြီး သူ့ရဲ့ ခွန်အားအစစ်အမှန်က မရှင်းလင်းပေမဲ့ သူက အလွန်အစွမ်းထက်တဲ့ ရှေးကျတဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်သည်။

သူ့ရဲ့ အစစ်အမှန်ပုံစံကို ထုတ်ဖော်ပြပြီးနောက် ငရဲက အကုသိုလ်ဝိညာဉ်တွေအားလုံး စတင် ကြောက်ရွံ့တုန်ရီသွားကြတော့သည်။ မူလတုန်းက မာန်ဖီနေကြတဲ့ အကုသိုလ်ဝိညာဉ်တွေအားလုံး ချက်ချင်းကို တိတ်ကျသွားတော့သည်။ ငရဲမင်းကြီးရဲ့ တည်ငြိမ်မှုနဲ့ ယှဉ်လိုက်ရင် အဲ့လူက ရက်စက်ကြမ်းကြုတ်ပြီး မဆင်မခြင်တောက်လောင်နေတဲ့ မီးလုံးပဲဆိုတာ ယုံမှားသံသယဝင်ဖွယ်မရှိ။ ဒါပေမဲ့ သူ ငရဲပြည်ရဲ့ အောက်ခြေမှာ နှစ်ပေါင်းသိန်းချီ လိုလိုလားလားနဲ့ ဘာလို့ လာပြီး ငိုက်မြည်းနေရတာလဲဆိုတာ မရှင်းလင်းချေ။

"မင်းဘာသာမင်းပြောတာနော်။" သူ သဘောတူလိုက်တာကို မြင်တော့ ဖုန့်ရှီက သူ့အကြံအစီ အောင်သွားသည့်အလား ပျော်ပျော်ကြီး ပြုံးဖြီးသွားတော့သည်။

"ယောက်ျားစစ်တစ်ယောက်က သူ့ကတိကို အမြဲတည်တယ်။ ငါ၊ ယင်းမျယ်က ဘယ်တော့မှ ပြောပြီးစကား ပြန်မရုတ်သိမ်းဘူး။" ယင်းမျယ်က သူ့ရင်ဘတ်ကို သူပုတ်လိုက်ကာ အာမခံလိုက်ပေမဲ့ ဖုန့်ရှီရဲ့ မျက်နှာပေါ်က လှည့်စားတဲ့အပြုံးကိုတော့ သတိမပြုမိလိုက်ချေ။ အတိတ်တုန်းက သူက အခက်အခဲအချို့ကို ကြုံတွေ့ဖြတ်သန်းခဲ့ရပုံပေါ်သည်။ သူက ခဏ တန့်လိုက်ပြီးနောက် ဆက်ပြောလိုက်၏၊ "ကောင်ငယ်လေး၊ မင်းက အရမ်းကြီး ငယ်ပေမဲ့ မင်းစကား မင်းတည်ရမယ်။ ဒီလောကမှာ နောင်တအတွက် ဆေး မရှိဘူး။ မင်း ငါ့ကို လိမ်ရင် မင်းက ဘုရင်ကြီးအောက်ဆွဲဖြစ်နေရင်တောင် ငါ အရေးမစိုက်ဘူး၊ မင်းကို လုံးဝ အလွတ်ပေးမှာမဟုတ်ဘူး။ အဲ့အချိန်ကျမှ ငါ့လာပြီး ငါက အနိုင်ကျင့်သလေးဆိုပြီး ညီးညူပြီး လာမပြောနဲ့။"

ဖုန့်ရှီက သူ့ကို ထက်အောက် စုန်ဆန်ကြည့်လိုက်ကာ ပြောလိုက်သည်၊ "မင်းရှုံးရင် မင်းစကား မင်းသတိပြန်ရ။"

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now