အပိုင်း ၁၉၇။ ဆိုတော့ သူ အလှည့်စားခံလိုက်ရတာလား?
သူအခုတလော အတော်ကြီးကို ပျင်းရိနေခြင်းကြောင့် ဖုန့်ရှီက သူ့အစီအစဉ်ကို စတင်အကောင်ထည်ဖော်လေတော့သည်။
သူ့ခေါင်းဆောင်၏ကတိကြောင့် ဦးလေးဖြူနောက် နောက်ယောင်ခံလိုက်ရာမှာ သူရှာတွေ့ခံရမှာကို မစိုးရမ်တော့ပေ။ ဖုန့်ရှီက ဘေးခန်းမနန်းတော်တွင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့ပေမဲ့ ဦးလေးဖြူနှင့် ဖုန့်လင်းတို့ မရောက်ခင်မှာပဲ ခိုးကြောင်ခိုးဝှက်နှင့် တိုးဝင်သွားသည့်သူတစ်ယောက်ကို သူတွေ့လိုက်ရသည်။
ဖုန့်ရှီ အသေအချာကြည့်လိုက်တော့ ထိုသူက ရေခဲချီလင်ဆိုတာကို သူ သတိပြုမိသွားသည်။ သူလည်းပဲ ဦးလေးဖြူရဲ့ ထူးခြားနေချက်ကို ရှာတွေ့သွားလို့ ဖုန့်ရှီလိုပဲ အကြံတူ ရှိနေခဲ့တာလား?
ဖုန့်ရှီက အတန်ကြာ ကြည့်နေပြီးနောက် ရေခဲချီလင်က သူဒီမှာရှိနေတာကို သတိမပြုမိမှန်းသိသွားတော့ ထိုသူကို လှမ်းခေါ်ပြီး ရပ်တန့်စေဖို့ အကြံကို စွန့်လွှတ်လိုက်တော့သည်။ သို့သော် ရေခဲချီလင်တောင်မှ သူ့တည်ရှိမှုကို ရှာမတွေ့နိုင်ဘူးဆိုတာကိုတော့ သူ အရမ်းပျော်သွားရသည်၊ ဒါဆို ဦးလေးဖြူလည်း သူ့ကို သတိပြုမိမှာမဟုတ်ဘူး။ ထို့ကြောင့် သူ သူတို့သတိမပြုမိဘဲ ခိုးကြည့် ခိုးနားထောင်နိုင်မည်ပင်။
ဘေးနန်းတော်ခန်းမက ဧည့်သည်တွေကို ဧည့်ခံဖို့ အသုံးပြုသည့်ခန်းမဖြစ်သည့်အတွက် ပရိဘောဂပစ္စည်းပစ္စယတွေက တခြားနန်းတော်ခန်းမတွေထဲကနှင့် အတူတူပဲဖြစ်သည်။ VIP နားနေဆောင်အနောက်တွင် ဧရာမကျောက်တုံးကြီးတစ်တုံးရှိပြီး ၎င်းအနောက်တွင် ကျောက်တုံးများဖြင့် ခြားထားသော ရေပူစမ်းများစွာရှိသည်။ မြူဆိုင်းနေသည့်မြင်ကွင်းက အပန်းဖြေစခန်းတစ်ခု သို့မဟုတ် နတ်ဘုံနတ်နန်းတစ်ခုလို ဖြစ်နေသည်။ ရေပူစမ်းတွေ၏ အနောက်တွင် ဧရာမတောင်ထွတ်အတုကြီးတစ်ခုရှိပြီး ၎င်းဟာ အတုလား ဒါမှမဟုတ် တကယ့်တောင်အစစ်လားဆိုတာတောင် သူ မသိနိုင်ပေ။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasíaစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...