အပိုင်း ၃၇။ ကံဆိုးမှုနတ်ဘုရား
မုတ်ဆိတ်နဲ့လူက ပြောပြီးနောက် နဂါးပျံပွဲကြည့်စင်ထဲမှာ ရှိနေတဲ့သူတွေအကုန်လုံးက ဖုန့်ရှီကို တချိန်တည်းမှာပဲ ဝိုင်းကြည့်လိုက်ကြတယ်။ အချို့ကတော့ သူတို့ ပွဲတစ်ပွဲကြည့်ရတော့မယ့်မျှော်လင့်ချက်နဲ့ အတော် ပျော်ပြီး ကြည့်နေကြတယ်။ လူတိုင်းက ဖုန့်ရှီ အဲ့မုတ်ဆိတ်နဲ့လူဆီ လျှောက်သွားမှာကို စောင့်နေကြတယ်။
"အဆွေ၊ မင်းရဲ့ မျက်နှာက ကျန်းမာသန်စွမ်း ဝင်းလက်နေတယ်၊ ဒါပေမဲ့ မင်းမှာ အမှောင်လေထု တစ်စွန်းတစ်စလည်း ရှိနေတယ်။ မင်းမှာ ထူးဆန်းတဲ့မျက်နှာ သွင်ပြင် ရှိနေတယ်။ ငါ မင်းရဲ့ရှေ့ဖြစ်ကို ဟောပေးပါရစေလား?" မုတ်ဆိတ်နဲ့သူက အထီးကျန်ပညာရှင်တစ်ယောက်လို ထပ်ပြောလိုက်တယ်။
လူလိမ်!
အဲ့တာကတော့ ဖုန့်ရှီရဲ့အတွေးထဲ ပေါ်လာတဲ့ တစ်ခုတည်းသော စကားလုံးဖြစ်တယ်။ ဘာ? ကျန်းမာဝင်းပတယ်? သူဒီနေ့မနက် မျက်နှာသစ်ခဲ့ဖို့ မေ့သွားတာကို သတိရသွားတယ်! အမှောင်လေထုအစအန? ကံဆိုးတာနဲ့တောင် ပိုတူနေသေး။ အဲ့လိုမှမဟုတ်ရင် သူ ဘာလို့ အပြင်ထွက်တိုင်း ပြဿနာနဲ့ချည်း တွေ့နေရတာလဲ?
တစ်ခွန်းတည်းပြောရမယ်ဆိုရင် မုတ်ဆိတ်နဲ့လူကမှ တကယ့် ထူးဆန်းတဲ့မျက်နှာနဲ့လူပဲ!
ဖုန့်ရှီက သူ့ကို ဘာမှ မတုံ့ပြန်ချင်တာကို မုတ်ဆိတ်နဲ့လူက မြင်လိုက်ရတော့ ဖုန့်ရှီကို သလင်းလုံးနား ချက်ချင်း ဆွဲခေါ်သွားတယ်။ အဲ့နောက် သူက သူ့မုတ်ဆိတ်ကို သပ်လိုက်ရင်း အသံအုပ်အုပ်နဲ့ ပြောလိုက်တယ်။ "အဆွေ၊ ငါ့ ယုံပါ။ ငါ ဟူဟန့်ရှန်း ဘယ်တော့မှ မညာဘူး။ မင်းမှာ တကယ်ပဲ ထူးဆန်းတဲ့ မျက်နှာ ရှိတယ်။ မင်းရဲ့ ရှေ့ဖြစ်ကို ငါ ဟောပေးပါရစေ၊ ပြီးတော့မှ မင်း ငါ့ကို ယုံသွားလိမ့်မယ်။"
ဟူဟန့်ရှန်း?
'ဟူ ပီဆန်း' ဆိုတဲ့ စကားလုံးက ဖုန့်ရှီရဲ့ စိတ်ကူးထဲ ချက်ချင်း ဝင်လာတယ်။ (T/N: ပီဆန်းဆိုတာ သူတောင်းစား လို့ အဓိပ္ပါယ်ရပါတယ်။) ဖုန့်ရှီ အဲ့လူရဲ့ ကံဆိုးတဲ့ပုံပေါက်နေတဲ့မျက်နှာကို မြင်တော့ 'ပီဆန်း' ဆိုတဲ့ နာမည်က အဲ့လူနဲ့ ပိုလိုက်ဖက်တယ်လို့ ရုတ်တရက် သူခံစားမိလိုက်တယ်။ အဲ့နောက် နည်းနည်းမှ မရုန်းကန်တော့ဘဲ ဖုန့်ရှီ သလင်းလုံးရဲ့ အရှေ့မှာ ဝင်ထိုင်လိုက်တယ်။ "ဝိုး ဒီသလင်းလုံးက အရမ်းလှတာပဲ!" သူတွေးလိုက်တယ်။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...