အပိုင်း ၆၄။ သလင်းဖြူ
ဖုန့်ရှီရဲ့ မျက်လုံးရှေ့ အဖြူရောင်အလင်းတန်းတစ်ခုနဲ့အတူ သူဘာမှမမြင်ရသေးခင်မှာပဲ မွှေးရနံ့သင်းပျံ့တဲ့လေထုကို သူ ရှုရှိုက်မိလိုက်တယ်။
ဖုန့်ရှီက မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ သူတို့ ကောင်းကင်ထွတ်ထိပ် နန်းတော်မှာ မဟုတ်တော့ဘဲ သူ့ခေါင်းဆောင်နဲ့အတူ ဆန္ဒပင်လယ်လို့ခေါ်တဲ့ ပန်းတွေထောင်သောင်းချီ ပွင့်ဖူးနေတဲ့ ပန်းပင်လယ်ထဲ ပြန်ရောက်နေတာကို တွေ့လိုက်ရတယ်။ ပြင်ပကမ္ဘာမှာ အပင်တွေအားလုံး ညှိုးနွမ်း ပြိုလဲနေတဲ့ အေးမြတဲ့ဆောင်းတွင်းရောက်နေပြီ ဖြစ်ပေမဲ့ ဒီမှာရှိတဲ့ ပန်းတွေကတော့ ဘယ်တော့မှာ မမှေးမှိန် မညှိုးနွမ်းခဲ့ဖူးသလို ငွါးငွါးစွင့် ပွင့်နေကြတယ်။
ဖုန်ရှီက သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီးနောက် ပြင်းပြင်းထန်ထန်နှာချေသွားပြီး သူ့နှာရည်က ဘုရင်ကြီးကိုယ်ပေါ် ပြုတ်ကျလုလု ဖြစ်သွားရတယ်။
"ခေါင်းဆောင်၊ ကျွန်တော့ကို သိမ်မွေ့နက်နဲတဲ့ပညာရပ် သင်ပေးမှာမဟုတ်ဘူးလား? ဘာလို့ ကျွန်တော့ကို ဒီခေါ်လာခဲ့တာလဲ?"
ဖု့န်ရှီက နှာခေါင်းကို ဖိပိတ်ထားရင်း ထိုင်ချလိုက်တယ်။ သူခြေထောက်နားမှာ ပန်းရောင်ပန်းတစ်ပွင့် ရှိနေတယ်၊ အဲ့တာက Begonia ပန်းနဲ့ ပုံစံတူပြီး အရောင်ကွဲတယ်။ ပန်းရဲ့ ပွင့်ဖတ်တွေတောင် အတော် ထူးဆန်းနေတယ်။ အလယ်မှာရှိနေတဲ့ ဇောက်ထိုးသဏ္ဍာန် ပွင့်ဖတ်သုံးပွင့်က ဗာဒံစေ့ပုံစံ ပွင့်ဖတ်လေးဖတ်နဲ့ ရစ်သိုင်းထားတယ်။ အဲ့ပန်းရဲ့ ဘေးက တခြားပန်းတွေက လေယူရာတိမ်း ယိမ်းနွဲ့နေပေမဲ့ ဒီပန်းတစ်ခုတည်းကပဲ မယိမ်းမယိုင် ငြိမ်သက်နေတယ်။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...