အပိုင်း ၉၅။ တစ္ဆေလောက အခြေအနေ
တစ္ဆေလောကကနေ ဝိညာဉ်တွေ ထွက်ပြေးလွတ်မြောက်သွားတယ်ဆိုတာ အရမ်းကြီး အရေးကြီးတဲ့ကိစ္စတော့ မဟုတ်။ ပုံမှန်ဆို ဝိညာဉ်ဖမ်းသူတွေကို ပို့ပြီး ဖမ်းလိုက်ရုံပင်။
ဝိညာဉ်ဖမ်းသူတွေက ဝိညာဉ်နက်တွေရဲ့ တည်ရှိမှုကို ခံစားသိရှိနိုင်ကြသူတွေဖြစ်သည်။ ပြီးတော့ တစ္ဆေလောကမှာ ဝိညာဉ်နက်တွေကို ဖမ်းတဲ့နေရာမှာ အထူးအသုံးပြုတဲ့ မှော်လက်နက်တစ်မျိုးလည်း ရှိသည်။ ဒါ့ကြောင့် ဖန်းဝံပုလွေက အရင်တုန်းက ဒီကိစ္စကို သိပ် ရေးကြီးခွင်ကျယ် မလုပ်ခဲ့ပဲဖြစ်သည်။ တစ္ဆေလောကမှာ ဝိညာဉ်နက်တွေကိုဖမ်းဖို့ သေချာလေ့ကျင့်ပေးထားတဲ့ ဝိညာဉ်ဖမ်းသူတွေ အယောက်တစ်ရာ ရှိ၏။
ဒါပေမဲ့ ဝိညာဉ်ဖမ်းသူ အယောက်တစ်ရာက ဝိညာဉ်နက်တွေကိုလိုက်ဖမ်းဖို့ တစ္ဆေလောကကနေ ထွက်လာပြီးတဲ့နောက်မှာတော့ လျို့ဝှက်အင်အားစုရဲ့ ဆက်တိုက် တိုက်ခိုက်ခြင်းကို ခံခဲ့လိုက်ကြရ၏။ လျို့ဝှက်အင်အားစုက ငရဲပြည်ကို တရားဝင် စစ် ကြေငြာဖို့ စိတ်ကူးမရှိတာ သိသာနေ၏။ အဲ့တာကြောင့် ဝိညာဉ်ဖမ်းတွေ တစ်ယောက်မှ အသတ်မခံရပေ။ အကြိမ်ပေါင်းများစွာ လျပ်တပြတ် ဝင်အတိုက်ခံရတဲ့အတောအတွင်း လျို့ဝှက်အင်အားစုကလူတွေက ဝိညာဉ်ဖမ်းသူတွေရဲ့ တာဝန်ကို ဝင်ရောက်နှောက်ယှက် ဖျက်ဆီးပြီးပြီဆိုတာနဲ့ ချက်ချင်း ထွက်သွားကြတာပဲဖြစ်သည်။
ကြာပန်းနီငရဲ ဆယ့်ရှစ်ထပ် ရှိပြီး တစ်ထပ်တိုင်းမှာ ကွဲပြားတဲ့ ညှင်းပန်းနှိပ်ဆက်မှုတွေ ကျခံနေကြရတဲ့ အမျိုးမျိုးသော အပြစ်သားဝိညာဉ်တွေ ချုပ်နှောင်ထား၏။
အဲ့ဒီ့ဝိညာဉ်နက်တွေ ကျူးလွန်ခဲ့တဲ့ ကြီးမားတဲ့ပြစ်မှုတွေကြောင့် သူတို့ကို ဆယ့်ခြောက်ထပ်မှာ ချုပ်နှောင်ထားတာဖြစ်သည်။ ဒီအကြိမ်မှာတော့ ဖန်းဝံပုလွေ အဆင့်မြင့်ဝိညာဉ်တွေ ထွက်ပြေးလွတ်မြောက်သွားတဲ့ ဖြစ်ရပ်ကို အထူး အလေးပေး ဆောင်ရွက်နေတာဖြစ်၏။ လျို့ဝှက်အင်အားစုရဲ့ ကြားဖြတ်နှောက်ယှက်မှုကြောင့်သာမဟုတ် ဝိညာဉ်နက်တွေက တချိန်တုန်းက အရင်ဘဝမှာ မကောင်းဆိုးဝါးစိတ်တွေ ပေါက်သွားခဲ့ကြတဲ့ စွမ်းအားကြီး သားရဲတွေဖြစ်တာကြောင့်လည်း ဖြစ်သည်။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasiစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...