141. On the Verge of Fight

1.3K 254 28
                                    

အပိုင်း ၁၄၁။ တိုက်ခိုက်မှုရဲ့ အဆုံးသတ်

နယ်မြေကိုအစိုးရတဲ့ ရေမြေ့သခင်တစ်ယောက်အနေနဲ့ ဒီနေရာက ရေခဲချီလင် နှစ်ပေါင်းများစွာ အနားယူအပန်းဖြေရာနေရာပင်။ အခုချိန်အထိ ဘယ်သူကမှ သူ့နယ်မြေထဲ လာရောက်ဖောက်ထွင်းမဝင်ရောက်ဝံ့ခဲ့ဖူးပေ။

အဲ့တာတောင်မှ ဒီအန္ဓဗ္ဗခွေးနှစ်ကောင်က အသံတစ်စက်မှမထွက်စေဘဲ သူ့နန်းတော်ထဲကို ရအောင် ခိုးဝင်လာနိုင်လိုက်ပြီး သူတို့တွေ အဓိကခန်းမထဲရောက်မှသာ သူက သူတို့ဝင်လာကြောင်း သိလိုက်ရ၏။ သူတို့တွေက သူအိပ်မောကျနေတာကိုတောင် နှိုးတောင်နှိုးလိုက်ကြသေးသည်။ သူတို့အခုလိုလုပ်ရပ်က သူ့ကိုစော်ကားလိုက်တာပဲဆိုတာ သံသယဝင်စရာတောင် မလိုပေ၊ ရေခဲချီလင်လို မာနကြီးတဲ့သူတစ်ယောက်ကို စိန်ခေါ်လိုက်ခြင်းပင်။

ရေခဲချီလင်အနေနဲ့ သူတို့ရဲ့ခွန်အားအပေါ် သတိထားနေရတာမျိုးသာမဟုတ်ရင် သူတို့ တစ်လှမ်းဝင်လာကတည်းက သူတို့ကို အပိုင်းပိုင်းအစစဖြစ်အောင် ဆွဲဖြဲပြီးဖြစ်နေမှာဖြစ်သည်။ သူတို့ အခုလိုမျိုး စျေးလာဆစ်နေဖို့ အခွင့်အရေးတောင် ရလိုက်မှာမဟုတ်!

"ဟားဟား၊ အဘိုးကြီး၊ မင်း ကိုယ့်ကိုယ်ကို နှိမ့်ချပြီး တောင်းဆိုရတဲ့နေ့ကို ငါမြင်ရလိမ့်မယ်လို့ ထင်မထားခဲ့ပါလား! မင်က 'ဒေါသ' တို့ 'အမျက်'တို့လို စကားလုံးမျိုး မသိဘူးလို့ ထင်ခဲ့တာ။ နောက်ဆုံးတော့ မင်းနဲ့လက်ရည်တူတဲ့သူကို ဒီနေ့ တွေ့ပြီပေါ့!" တိုင်လုံး ၄၅လုံးမြောက်မှာ ရပ်နေတဲ့ အနက်ဝတ်နဲ့ အခြားတစ်ယောက်က နောက်ဆုံးတော့ ရယ်ပွဲဖွဲ့လိုက်၏။ သူက ထိန်းမနိုင်သိမ်းမရ အားရဝမ်းသာမှုနဲ့ လှောင်ပြောင်ရယ်မောလိုက်ကာ ရန်သူ့ဘက်သားသံ ပေါက်နေတော့သည်။

ရွှေရောင်ဝတ်လူက သူ့ပြိုင်ဘက်ရဲ့ တုံ့ပြန်မှုကို အများကြီး ကြိုတွေး ကြိုမြင်ထားပုံပေါ်သည်။ ဒေါသထွက်ရမည့်အစား သူ တည်တည်ငြိမ်ငြိမ်ပင် ထိန်းထားနိုင်၏။ သူက အနက်မျက်နှာဖုံးနဲ့လူကို တည်ငြိမ်စွာကြည့်လိုက်ကာ၊ "ဝမ်းသာမစောနဲ့ဦး၊ မိစ္ဆာအိုကြီး ဟိန်း။ ငါ ဒီမှ ရှုံးနိမ့်သွားရင်တောင်မှ မင်းအတွက် အခွင့်အရေးကောင်းလို့ ပြောလို့မရဘူး! ငါတို့အတူတူ ဒုက္ခရောက်တာပဲ!"

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now