Chapter 191: Crazy Bidding

946 133 0
                                    

အပိုင်း ၁၉၁။ အရူးအမူး လေလံဆွဲကြခြင်း

လေလံပွဲစင်မြင့်ထက်တွင် ပစ္စည်းနှစ်ခုရှိနေသည်။

တစ်မျိုးက နို့နှစ်ဖြူရောင် ဆေးပြားပါသည့် ဖွင့်ထားသော သေတ္တာငယ်တစ်ခုဖြစ်ပြီး အနံ့က မွှေးလှသည်။ ထိုဆေးက ဖုန့်ရှီ ဝယ်လိုသော နုပျိုဆေးဖြစ်ပြီး လူများကို ပြန်၍ငယ်ရွယ်သွားစေနိုင်သည်။ ဆေးဖော်စပ်သူက ဆုံးပါးသွားခဲ့ကာ ဘယ်လိုဖော်စပ်ထားသည်ဟုလည်း မချန်ထားခဲ့သဖြင့် ထိုဆေးက ကမ္ဘာပေါ်ရှိ တစ်ခုတည်းသော နုပျိုဆေးဖြစ်သည်ဟု ဖုန့်ရှီ ကြားသိလိုက်ရသည်။

နောက်တစ်မျိုးကတော့ ဖုန့်ရှီ ရေမွှေးလို့ထင်ခဲ့လိုက်တဲ့ ဆေးရည်ကို မြေကမ္ဘာဆေးဟုခေါ်၏။ ထိုဆေးကို မီတာငါးထောင်နက်သော ကျောက်စက်ပန်းဆွဲတွင်းများမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သဘာဝနည်းစနစ်ဖြင့် သန့်စင်ပြီးနောက် သဘာဝဆေးရည်တို့က ထိုကဲ့သို့သော ကျောက်စက်ပန်းဆွဲအပေါက်များတွင် ဖွဲ့တည်လာသည်။ သို့သော် ဖွဲ့တည်မှု လုပ်ငန်းစဉ် နှေးကွေးလှ၏။ နှစ်ပေါင်းငါးထောင်ကျော်ပြီးမှသာ မြေကမ္ဘာဆေး ပုလင်းငယ်လေးတစ်လုံးကို စုဆောင်းနိုင်မှာဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ မြေကမ္ဘာဆေး၏အကျိုးသက်ရောက်မှုသည် အံ့သဩဖွယ်ကောင်းလှပြီး လူတိုင်းတွင် ၎င်းကိုရရှိခွင့် ကံကြမ္မာ မရှိပေ။ ဒီလို ကျောက်စက်ပန်းဆွဲ အပေါက်မျိုးကို အမြဲစောင့်ကြပ်နေတဲ့ မိစ္ဆာသားရဲတစ်ကောင် ရှိသည်ဟုလည်း ယူဆရသည်။ တစ်စုံတစ်ယောက်သည် မြေကမ္ဘာဆေးကိုရယူလိုပါက သူ/သူမသည် ထိုမိစ္ဆာသားရဲကိုအနိုင်ယူရန် လိုအပ်သည်။

မြေကမ္ဘာဆေးသည် သုံးစွဲသူ၏ အသားအရေကို ဖြူစင်ချောမွေ့စေသွားရုံသာမက ထာဝရလည်း ဖြူစင်ချောမွတ်မှု ထိန်းထားပေးကာ ခန္ဓာကိုယ်ကိုလည်း ကြံ့ခိုင်စေသည်။ အကယ်၍ အသုံးပြုသူသည် မြေကမ္ဘာဆေးကို အောင်မြင်စွာ စုပ်ယူနိုင်ခဲ့ပါက သူ/သူမ၏ ခန္ဓာကိုယ်သည် အနိမ့်စား ကောင်းကင်ဘုံ နတ်ဘုရားအဆင့်ကျင့်ကြံသူ၏ တိုက်ခိုက်မှုကို ခုခံနိုင်မည်ဖြစ်သည်။ ထို့ကြောင့် မြေကမ္ဘာဆေးသည် အလွန်ရှားပါးပြီး ပြီးပြည့်စုံသော ရတနာတစ်ခုဖြစ်၏။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now