Chapter 194: I Just Won't Give it to You

1.1K 166 4
                                    

အပိုင်း ၁၉၄။ ငါ မင်းကိုပဲ မပေးမှာ

ဆိတ်ငြိမ်နန်းတော်ခန်းမက ရုတ်တရက် တိတ်ကျသွားတော့သည်။ ခဏအကြာမှာပဲ ဖုန့်ရှီက ထူးဆန်းသောလေထုကို ခံစားမိသွားသည့်အတွက် ခေါင်းကို မော့ကြည့်လိုက်တော့ အားလုံးက သူ့ကို စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။

ဖုန့်ရှီက သူ့မျက်နှာကို မထိကြည့်ဘဲ မနေနိုင်တော့ကာ၊ "ငါ့မျက်နှာမှာ ဘာတစ်ခုမှ ရှိပုံမရပါဘူး၊ ဟုတ်တယ်မလား?"

ဖုန့်ရှီကို မသိတဲ့လူက ဖုန့်ရှီမှားတယ်လို့ ပြောချင်သလိုမျိုး ချက်ခြင်း ချောင်းဆိုးလိုက်သည်။ ဒါပေမဲ့ ဖုန့်ရှီက ငရဲမင်းကြီး၏ ရင်ခွင်ထဲ ကျကျနနထိုင်နေတာကို မြင်တာကြောင့် သူတို့ရဲ့ဆက်ဆံရေးက သာမာန်မဟုတ်မှန်း သိသာသောကြောင့် မကျေနပ်မှုတို့ကို တိုက်ရိုက်တော့ မထုတ်ဖော်ပြချေ။

သို့သော်လည်း သူ့မျက်နှာမှာ တစ်ခုခုရှိနေတယ်လို့ အဲဒီလူက ပြောချင်နေတယ်လို့ ဖုန့်ရှီ တွေးမိတာကြောင့် သူက ချက်ချင်းပဲ မျက်ခုံးပင့်လိုက်ပြီး စားပွဲပေါ်က အဖြူရောင် မှန်တစ်ချပ်ကို ကောက်ကိုင်လိုက်ကာ သူ့ကိုယ်သူ စူးစမ်းလေ့လာလိုက်သည်။ ဒါပေမယ့် သူ့မျက်နှာမှာ ဘာမှမတွေ့သည့်အတွက် ထိုလူကို ဒေါသတကြီး ပြန်ကြည့်လိုက်၏။

ထိုလူက သူ တကယ်ကြီးကို အပစ်ကင်းတယ်လို့ ရုတ်တရက် ခံစားလိုက်ရသည်။ သူက ငရဲမင်းကြီးအနေနဲ့ ဖုန့်ရှိကို အပြင်ထွက်ခိုင်းဖို့ တောင်းဆိုချင်ရုံပါ၊ ဖုန့်ရှီက သေနတ်ပြောင်းရှေ့ လာခုန်ဝင်ပြီး အပစ်လာတင်နေတယ်လေ။

"ငါ့မျက်နှာမှာ ဘာတစ်ခုမှ မရှိဘူးဆိုမှတော့ ကြုံသလို ချောင်းဆိုးမနေနဲ့၊ ဟုတ်ပြီလား? မင်းက ငါ့မျက်နှာမှာ တစ်ခုခုရှိနေတယ်လို့ ထင်အောင်လုပ်ခဲ့တာပဲ"

ငရဲမင်းကြီးက သူ့အရိပ်အမြွက်ကို မတုံ့ပြန်တာကို မြင်လိုက်ရတော့ အဲဒီလူက "လူကြီးမင်း၊ ငါတို့ ဒီမှာ အလုပ်ကိစ္စ ပြောနေကြတာ။ တိတ်တိတ်ေလး နေပေးနိုင်မလား? မနေနိုင်ဘူးဆိုရင်လည်း အပြင်ထွက် လမ်းလျှောက်ဘာညာ လုပ်ပြိး ကျွန်တော်တို့ ပြောပြီးတဲ့အထိ စောင့်ပြီးမှ ပြန်ဝင်လာလို့လည်း ရတယ်"

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now