152. Reunited

1.5K 257 14
                                    

အပိုင်း ၁၅၂။ ပြန်လည်ဆုံစည်းခြင်း

သူ့ရဲ့ ကြမ်းတမ်းတဲ့ ကြေငြာချက်က လူတိုင်းကို အံ့အားသင့်သွားစေတဲ့အတွက် သူတို့အားလုံး ချက်ချင်းကို တိတ်ကျသွားတော့သည်။

ငရဲမင်းကြီးရဲ့ အမူအယာမဲ့မျက်နှာကိုမြင်ပြီး ဘယ်သူကမှ သူ့စကားအပေါ် သံသယမဝင်ကြတော့ချေ။ ဒီလူက လူတွေအများကြီးရဲ့ ရန်သူဖြစ်လာမှာရဲ့အကျိုးဆက်ကိုတောင် ဂရုမစိုက်ဘူးလို့ သူတို့ခံစားလိုက်ကြရသည်။ ယုံကြည်ချက်အပြည့်ရှိနေတာလား ဒါမှမဟုတ် မောက်မာရုံတင်လား?!

အစိမ်းဝတ်အဘိုးအိုနဲ့ မင်ချင်းရှတို့က ပထမဆုံး ထွက်ခွါသွားကြသူတွေဖြစ်သည်။ သူတို့နှစ်ဦးက အထိတ်တလန့်နဲ့ အတော်ကြီးကို အပြေးအလွှား ထွက်သွားကြတာဖြစ်သည်။

ငရဲမင်းကြီးက သူတို့သိဖူးတဲ့ ဘုရင်ကြီးနဲ့မတူတော့သလိုပင်။ လက်ရှိငရဲမင်းကြီးက အရင်ကထက်တောင် ပိုလို့ အေးစက်လာ၏။ သူတို့အနေနဲ့ သူ့ကို တလေးတမြတ် လေးစားသလို ကြောက်လည်း ကြောက်သည်။ သူတို့ရဲ့ မွေးရာပါကိုယ်ခန္ဓာ ဆုံးရှုံးသွားကတည်းက သူတို့ရဲ့ ယုံကြည်စိတ်ချမှုနဲ့ လွှမ်းမိုးလိုစိတ်တို့လည်း ပျောက်ဆုံးသွားခဲ့ပြီးဖြစ်သည်။ ဒါတွေအားလုံးရဲ့ ကြောင်းရင်းခံက အနီနဲ့ကောင်လေးပင်။ သူပေါ်လာကတည်းက ငရဲသားမိသားစုရဲ့ ကံကောင်းမှုတို့က ဇောက်ထိုးမိုးမျှော် ကျဆင်းသွားခဲ့တာဖြစ်ပြီး အဲ့နောက်မှာတော့ မိသားစုအကြီးအကဲတို့က မကောင်းဆိုးဝါးပန်းကန်ပြားကြီးကိုသုံးပြီး ရလဒ်ကို တွက်ချက်အဖြေထုတ်နိုင်ခဲ့ကြသည်။

အဲ့တာကတော့ ..... တကယ်လို့ ငါတို့ရှိနေရင် သူရှိလို့မရဘူး၊ တကယ်လို့များ သူရှိနေရင် ငါတို့မရှိနိုင်ဘူး!

ပြောရမယ်ဆိုရင် အနီနဲ့ကောင်လေးနဲ့ ငရဲသားမိသားစုတို့ရဲ့ကြားထဲက ဆက်ဆံရေးက မီးနဲ့ရေလို ဆန့်ကျင်ဘက်ဖြစ်သည်။ တကယ်လို့ ငရဲသားမိသားစုက သူတို့ရဲ့တောက်ပမှုရွှေရောင်နေ့ရက်တွေကို ထိန်းသိမ်းချင်သည်ဆိုလျင် အနီနဲ့ကောင်လေး ရှိလို့မဖြစ်နိုင်၊ အဲ့လိုမှမဟုတ်ရင် ငရဲသားမိသားစုရဲ့ ကံက ဘယ်တော့မှ ပြန်မျက်နှာသာပေးခံရတော့မှာမဟုတ်ချေ။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now