အပိုင်း ၁၅၉။ ဝေစု ခွဲခြင်း
ရေခဲချီလင်က အလွန်ကို သနားစရာကောင်းနေပေမဲ့ ဘယ်သူကမှ သူ့ မသနားကြချေ။
အဲ့တော့မှသာ ရေခဲချီလင်တစ်ယောက် သူ အချိန်ကောင်းကြီး ကွက်တိ အရောက် လာမိသွားမှန်း သိသွားတော့သည်။ အဲ့အတွက်ကြောင့် သူက ဘောပင်ကို တွန့်ဆုတ်စွာဖြင့် ဆွဲယူလိုက်ပြီး စကားလုံး အနည်းငယ် စရေးလိုက်တော့၏။ အဲ့နောက် သားရဲက သူ ဘောပင်နဲ့ မထိတွေ့ခဲ့ရတာ ကြာလှပြီဖြစ်တဲ့အတွက် သူ့လက်ရေးတို့က စာရွက်ပေါ်မှာ တီကောင်တွေအလား ဖြစ်နေတာကို တွေ့ရှိသွားရသည်။
ခန်းမကြီးတစ်ခုလုံး ဘာသံမှ မကြားရတော့လောက်အောင် တိတ်ကျသွားတော့၏။ လူတိုင်းရဲ့ အကြည့်တို့်က ရေခဲချီလင်ထံပါးဝယ် ကပ်နေတော့သည်။
သားရဲက ရှက်ဒေါသဖြင့် ပြောလိုက်၏၊ "မင်းတို့ ဘာကြည့်နေကြတာလဲ? ငါ ဘာဆို ဘာမှ မရေးဖြစ်တာ နှစ်ပေါင်း သန်းချီ ကျော်နေပြီ။ ငါ့လက်ရေး ဒီလိုဖြစ်နေတာ ငါ့အမှားမဟုတ်ဘူး!"
ဖုန်ရှီနဲ့ အခြားသူတို့က သားရဲကို အထင်သေးတဲ့အကြည့်တို့ဖြင့် ကြည့်လိုက်ကြကာ တွေးလိုက်ကြသည်၊ 'မရေးနိုင်ဘူးလို့ပဲသာ ဝန်ခံလိုက်ပါတော့လား။ ဆင်ခြေတွေ ဆင်လက်တွေ ရှာနေလို့ အသုံးမှ မဝင်တာ!'
"ဟေး၊ ဟေး၊ ဟေး၊ အဲ့အကြည့်တွေက ဘာတွေလဲ? ငါ မညာဘူး" ရေခဲချီလင်က သူ့စကားကို သူတို့တွေ အမေးထုတ်ချင်နေကြမှန်း သူတို့အကြည့်တွေကနေ တဆင့် သိနေသည့်အတွက် ဒေါသပုန်မထဘဲ မနေနိုင်တော့ချေ။
"ကောင်းပါပြီ။ ကောင်းပါပြီ။ သိပါပြီ။ အဲ့တာဆိုလည်း ငါတို့ စာရွက်နဲ့ ဘောပင် မလိုအပ်တော့ဘူး။ မင်းတို့မှာရှိတာတွေကို မင်းတို့ တင်ပြလိုက်၊ တစ်ယောက်က တင်ပြလိုက်တဲ့ပစ္စည်းကို ကိုယ့်ဆီမှာရှိရင် တခြားသူတွေအကုန်လုံးက အဲ့တာကို ဆွဲယူထုတ်လိုက်ကြ။" ဖုန့်ရှီက အရာအားလုံး သူ့ထိန်းချုပ်မှုအောက် ရောက်နေသလိုမျိုး သူက ပြုမူလိုက်ပေမဲ့ တကယ်တမ်းတော့ သူ့ကိုယ်သူလည်း ယုံကြည်မှုရှိမနေပေ။
"ထားလိုက်တော့။ ငါပဲလုပ်ပါ့မယ်!" ဟွမ်ရဲက နောက်ဆုံးတော့ သူ့ကံကြမ္မာသူ လက်ခံလိုက်ရတော့ကာ အနား လျှောက်သွားလိုက်တော့သည်။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...