အပိုင်း ၁၆၆။ သူတို့လာကြပြီ
မကြာမီမှာပဲ သူတို့တွေ ကျောက်စိမ်းပြာမိသားစုနယ်မြေသို့ ရောက်ရှိသွားတော့သည်။ ကျန်းယန်က ဦးဆောင်ပြီး သူတို့နှစ်ဦးသား ကျောက်စိမ်းပြာမိသားစု တွေ့ဆုံခန်းမဆီ လျှောက်သွားကြ၏။
ကျောက်စိမ်းပြာမိသားစုက အရေးကြီးလူပုဂ္ဂိုလ်တွေအများစု တွေ့ဆုံခန်းမထဲ ရောက်ရှိလို့နေကြပြီဖြစ်သည်။ အရေးအကြီးဆုံးပုဂ္ဂိုလ်နှစ်ဦးကတော့ ကျောက်စိမ်းပြာမိသားစုရဲ့လက်ရှိသခင်ကြီးနှင့် သခင်ကြီးဟောင်းတို့ဖြစ်သည်၊ ပြောရမည်ဆိုလျင် ဖုန့်ရှီနှင့် သူ့ခေါင်းဆောင် ကယ်တင်ခဲ့လိုက်သည့် မိန်းကလေး၏ အဖေနှင့် အဖိုးတို့ပင်။ သူတို့နှစ်ဦးလုံးက လမ်းဆုံမှာ ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်ကို ကြားတော့ ထိတ်လန့်သွားကြကာ ဖုန့်ရှီကို မယုံကြည်နိုင်စွာ ကြည့်လို့နေ၏။
"ကျွန်တော်ကတော့ ကျောက်စိမ်းပြာမိသားစုက လန်ကျန်းထျန်ပါ။ ကျွန်တော့မြေးမလေးကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျောက်စိမ်းပြာမိသားစုကိုယ်စား လူကြီးမင်းတို့နှစ်ယောက်ကို ကျွန်တော့ရဲ့ ကျေးဇူးတင်ရှိမှုကို ဒီနေရာကနေ ဖော်ပြအပ်ပါတယ်။" သခင်ကြီးဟောင်း လန်ကျန်းထျန်က အရင်ဆုံး အသိစိတ်ပြန်ဝင်လာကာ ရှေ့ခြေလှမ်းအနည်းငယ်တိုးလိုက်ပြီး ရင်ဘတ်ပေါ် လက်နှစ်ဖက် အုပ်ယှက်ထားရင်း ဦးညွှတ်လိုက်၏။
"ရပါတယ်"
စိတ်ဓါတ်ကျမနေတော့တဲ့ဖုန့်ရှီက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ မူလတုန်းကတော့ သူက "မလိုပါဘူး" လို့ ပြောချင်ပေမဲ့ တကယ်လို့ သူ အဲ့လိုပြောလိုက်လို့ ကျောက်စိမ်းပြာမိသားစုက သူ့စကားကို တကယ်အတည်ကြီးမှတ်ယူသွားမယ်ဆိုရင် သူ ဘာမှ ရလိုက်မှာမဟုတ်သည့်အတွက် တစ်ခုခု ပြန်ရလိမ့်မယ်မျှော်လင့်ချက်နဲ့ အဲ့တာကို မပြောတော့တာဖြစ်သည်။
"လူကြီးမင်းတို့နှစ်ယောက်ကို ကျွန်တော် ဘယ်လိုခေါ်ရမလဲ သိပါရစေခင်မျာ?" လန်ကျန်းထျန်က ပြုံးကာ ပြောလိုက်သည်။
"ကျွန်တော့နာမည်က ဖုန့်ရှီ၊ ဒါ ကျွန်တော့ခေါင်းဆောင် ဖုန့်မင်!" ဖုန့်ရှီက ငရဲမင်းကြီး၏ နာမည်ကို ထုတ်ဖော်ပြောရတာကို နှစ်ခြိုက်လို့နေ၏။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...