အပိုင်း ၉၄။ လွတ်နေတဲ့ဝိညာဉ်နက်
ဖုန့်ရှီရဲ့ ခေါင်းထဲကို သတင်းအချက်အလက်တွေ ဆက်တိုက် အဆက်မပြတ် စီးဝင်လာတဲ့အတွက် သူ မူးနောက်နောက် ဖြစ်လာရသည်။
သူ အသိပြန်ဝင်လာတော့ သူ မရင်းနှီးတဲ့သတင်းအချက်အလက်တွေအများကြီး သူ့ခေါင်းထဲ ရောက်နေတာကို သူတွေ့ရှိလိုက်ရသည်။ ဒါပေမဲ့ အဲ့ဒီ့သတင်းအချက်အလက်တွေက စိတ်ဝိညာဉ်စွမ်းအင်နဲ့ တိုက်ခိုက်နိုင်စွမ်းရှိပုံပေါ်၏။ အဲ့တာတွေက သူ့ခေါင်းထဲ တဟုန်ထိုး ဝင်လာတဲ့အခါမှာ သူ့ဝိညာဉ်က ပြင်းပြင်းထန်ထန် အရိုက်ခံလိုက်ရတဲ့အလား စူးစူးရှရှ နာကျင်မှုကိုသာ ခံစားလိုက်ရတော့သည်။ အဲ့နောက် သူ့မျက်နှာတစ်ခုလုံး ချက်ချင်းပဲ သွေးဆုတ်ဖြူရော်သွား၏။
ဘာပြင်ဆင်ချိန်မှ မရှိလိုက်တဲ့ ဖုန့်ရှီတစ်ယောက် တစ်ကိုယ်လုံး ယိမ်းထိုးပြီး သလင်းထိုင်ခုံပေါ်ကနေ ပြုတ်ကျသွားတော့သည်...
အစေခံလေးဦးက အဲ့တာကို တွေ့သွားကြတော့ သူတို့ ထိတ်လန့်ကြောက်ရွံ့တဲ့အမူအယာ မပေါ်လာခင်မှာပဲ ကြည်နူးစရာရနံ့နဲ့ အဖြူရောင်ပုံရိပ်တစ်ခုက ရုတ်တရက် ပေါ်ထွက်လာပြီး ကောင်လေးကို သူ့လက်မောင်းတွေထဲ ထွေးပွေ့ထားလိုက်သည်။ အဲ့နောက် ကောင်လေးရဲ့ ဦးခေါင်း မြေကြီးနဲ့ မိတ်ဆက်လိုက်တော့မတတ်ဖြစ်သွားခဲ့တဲ့ ဆိုးဝါးတဲ့အခြေအနေကနေလည်း လွတ်မြောက်သွားရတော့၏။
အသက်ရှုမှားလောက်တဲ့အခိုက်အတန့်ကြောင့် အစေခံလေးဦးလုံး ဆင်ခြင်တုံတရား လွတ်သွားတဲ့မတတ် ကြောက်လန့်သွားကြသည်။ သခင်လေးက အခြေအနေ လုံးဝအကောင်းသားကြီးကနေ နောက်တစ်စက္ကန့်မှာပဲ ပြုတ်ကျသွားလိမ့်မယ်လို့ သူတို့ လုံးဝ မထင်ထားမိခဲ့ချေ။ ဒါပေမဲ့ သူတို့ ဘုရင်ကြီးကို မြင်လိုက်ရတဲ့အချိန်မှာတော့ နောက်ဆုံး စိတ်ချလက်ချ စိတ်အေးသွားရတော့သည်။
အဲ့အချိန်မှာ သူတို့အရှေ့ နောက်လူတစ်ဦးက ရုတ်တရက် ပေါ်လာ၏။ အဲ့ပေါ်လာတဲ့သူက အစိမ်းရောင် ဆံပင်တို့ရှိပြီး ယောက်ျားပီသတဲ့ မျက်နှာ ရှိသည်။ သူ့ရဲ့ သံလိုသန်မာတဲ့ကိုယ်ခန္ဓာက သူ့ကို ပိုလို့ ဟိတ်ဟန်အပြည့် ဖြစ်နေကာ သူ့ပတ်လည်က မှုန်မှိုင်းနေတဲ့ရောင်ဝါတွေက အခြားသူတွေကို အလွယ်တကူ ဖိနှိပ်ထားစေနိုင်တယ်။ အဲ့အပြင် တောက်ပလင်းလက်နေတဲ့ သူ့မျက်လုံးတွေက အလွန့်အလွန်ကို ခြောက်လှန့်နေပြီး သူ့မျက်နှာက အတော် ယောက်ကျားပီသကာ သူ့ကိုယ်ခန္ဓာကနေ ထုတ်လွှတ်နေတဲ့လေထုတွေနဲ့ မလိုက်မဖက် ဖြစ်လို့နေ၏။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...