အပိုင်း ၃၁။ ယှဥ်ပြိုင်ပွဲကြီးရဲ့ မူလအစ
ဘုံသုံးဘုံရဲ့ ဒီ ခမ်းနားကြီးကျယ်တဲ့ အစည်းအဝေးက တကယ်တော့ ကောင်းကင်ဘုံနဲ့ မိစ္ဆာဘုံတို့မှာ ကျင်းပတာဖြစ်တယ်။ ဆိုလိုတာကတော့ လူ့ဘုံက လူသားတွေက ဖိတ်ကြားမခံရသူတွေ ဖြစ်တယ်။ ဒါပေမဲ့လည်း ဘုံသုံးဘုံ အခမ်းအနားလို့ ခေါ်တာ ကျင့်သားရနေပြီ ဖြစ်တယ်။
တစ်ဆယ်ရာစုတစ်ကြိမ် ကျင်းပတဲ့ ဒီအစည်းအဝေးကို နတ်ဘုရားတွေနဲ့ မိစ္ဆာတွေအကြားက ကြီးမားတဲ့ ယှဉ်ပြိုင်ပွဲလို့လည်း ခေါ်ကြတယ်။ နှစ်တစ်ထောင်မှ တစ်ကြိမ် ဖြစ်တာကြောင့် အခမ်းအနားဟာ မကြုံစဖူး ခမ်းနားလှတယ်။ လှည့်ပတ်သွားလာနေမယ့် များပြားလှတဲ့ နတ်ဘုရားအုပ်စုတွေနဲ့ မိစ္ဆာတွေ အုပ်စုတွေကို မြင်ရမယ့် မြင်ကွင်းဟာ အံ့အားသင့်ဖွယ် ဖြစ်လိမ့်မယ်။
ယှဉ်ပြိုင်ပွဲကြီးကို ဖန်တီးခဲ့ရခြင်းက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေအကြားဖြစ်ပွါးခဲ့ဖူးတဲ့ ကြီးကျယ်တဲ့ စစ်ပွဲကြောင့် ဖြစ်တယ်။ ငရဲမင်းကြီးကတော့ အကျိုးဆက်ကို ဖြစ်ပွါးစေတဲ့သူ တစ်ယောက်ဖြစ်တယ်။
နတ်ဘုရားတွေနဲ့ မိစ္ဆာတွေအကြားက ဖြစ်ပွါးခဲ့ စစ်ပွဲဟာ ဘုံသုံးဘုံအတွက် စိတ်ဆင်းရဲမှုက လွဲလို့ ဘာကောင်းကျိုးမှ မရှိခဲ့ပါဘူး။ ငရဲပြည်ဟာ အဲ့ဒီ့စစ်ပွဲမှာ မပါဝင်ခဲ့ပါဘူး။ ဒါပေမဲ့ သေဆုံးသွားတဲ့ နတ်ဘုရားတွေနဲ့ မိစ္ဆာတွေက များပြားလွန်းလှခဲ့တဲ့အတွက် အပလောကနဲ့ တစ္ဆေလောကတို့ဟာ သေဆုံးသူတွေရဲ့ ဝိညာဉ်တွေကို မကိုင်တွယ်နိုင် ဖြစ်ခဲ့ရပါတယ်။ ဝိညာဉ်ကူးပြောင်း နန်းတော်အရှင်ဆိုရင် သူ့လက်အောက်ငယ်သားဆီ အရာအားလုံးကိုတောင် ထားခဲ့ပြီး ပြဿနာတွေကနေ ဝေးဝေးမှာပဲ နေခဲ့လိုက်ပါတော့တယ်။ နောက်ဆုံးတော့ တစ္ဆေလောကကလည်း ဝိညာဉ်အများကြီးကို မထိန်းသိမ်းထားနိုင်တော့သလို အပလောကရဲ့ ဝိညာဉ်ကူးပြောင်းကြာချိန်ကလည်း အကန့်အသတ်မရှိ တိုးလိုက်ရပါတော့တယ်။ လောက နှစ်ခုကြားက အစီအစဉ်တွေအပေါ်ကို ပြင်းထန်သော အကျိုးသက်ရောက်မှု ခံလိုက်ရပါတယ်။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasiစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...