144. You Don't Have a Choice

1.4K 271 5
                                    

အပိုင်း ၁၄၄။ မင်းမှာ ရွေးချယ်ခွင့်မရှိဘူး

"ခေါင်းဆောင်၊ သူသေသွားပြီလား?" ဖုန့်ရှီက မနှစ်မြို့စွာကြည့်ရင်း သွားကြိတ်ထားတဲ့အသံနဲ့မေးလိုက်သည်။

တကယ်လို့ ခေါင်းဆောင်သာ သူ့ကို အောက်ဆင်းဖို့ မတားဘူးဆိုရင် သူ အပြေးသွားပြီး ရေခဲချီလင်ကို အနည်းငယ်လောက်တော့ ကန်ပစ်လိုက်မှာ။

ဖုန့်ရှီက ဒီလိုအရာမျိုး သူကြုံတွေ့လိုက်ရမယ်လို့ တစ်ခါမှ မတွေးထားမိခဲ့ချေ။ သူ သတိဝင်သွားတဲ့အချိန်မှာတော့ အတော်ကြီးကို နောက်ကျသွားခဲ့ပြီဖြစ်သည်။ အနံတစ်မျိုးက သူ့ပါးစပ်မှာ စွဲနေပုံရတာကြောင့် ဖုန့်ရှီက ဘုရင်ကြီးရဲ့ အင်္ကျီလက်ကို ဆွဲယူလိုက်ပြီး သူ့နှုတ်ခမ်းကို ပြင်းထန်စွာ ပွတ်သုတ်လိုက်၏။ အနံ့မရနိုင်တော့တဲ့အထိပွတ်သုတ်လိုက်ပြီးနောက်မှာတော့ သူ့နှုတ်ခမ်းတို့က ပွတ်ထားတဲ့အရှိန်ကြောင့် လုံးဝ ရဲပတောင်းခတ်နေကာ ပြတ်ထွက်တော့မလိုတောင် ထင်ရ၏။

"မသေသေးဘူး၊ ဒါပေမဲ့ သေလုလုပဲ။" ဘုရင်ကြီဂက သူ့ရဲ့ အေးစက်တဲ့မျက်လုံးအစုံတို့ ရေခဲချီလင်ထံ အကြည့်မလွှဲပဲ စိုက်ကြည့်နေရင်း ဘာခံစားချက်အမူအယာမှ မပါစွာ ပြန်ဖြေလိုက်တာကြောင့် အူကြောင်ကြောင်ဖြစ်နေတဲ့ ရေခဲချီလင်တစ်ယောက် ဆံပင်မွှေးတွေ ထောင်တက်သွားတော့သည်။

ဒီဖြစ်ရပ်ကို မနှစ်မြို့ဖွယ်ကောင်းချီးပေးခံရခြင်းလို့ တွေးနိုင်သည်။ ရေခဲချီလင်က အဲ့ဖြစ်ရပ်ကြောင့် ကြောင်အမ်းနေကာ ဘာမှ ပြန်မတုန့်ပြန်နိုင်သေးတဲ့အချိန်မှာပဲ ဘုရင်ကြီးရဲ့ အလဲထိုးခြင်းကို ခံလိုက်ရတာဖြစ်သည်။ ဘုရင်ကြီးက သနားညှာတာမှု လုံးဝမပြခဲ့တာကြောင့် သူ့ခေါင်းနဲ့ တိုင်နဲ့ ဆောင့်မိတဲ့အချိန်မှာ ခေါင်းတစ်ခုလုံး ခြာခြာလည် မူးဝေ ရှုပ်ထွေးသွားခဲ့ရ၏။ အကျိုးဆက်အနေဖြင့် ဘုရင်ကြီးက သူ့ဝိညာဉ်ထဲမှာ အစေ့တစ်စေ့ အလွယ်တကူ မျိုးစေ့ချလိုက်ခြင်းဖြစ်သည်။

မျိုးစေ့ချစိုက်ပျိုးလိုက်ခြင်းဆိုသည်မှာ ထိန်းချုပ်နည်းတစ်မျိုးပင်ဖြစ်သည်။ ထိန်းချုပ်ခံရသူမှာ သူ့ခေါင်းထဲ မျိုးစေ့ချ စိုက်ပျိုးလိုက်သူရဲ့ အမိန့်ကို နားထောင်ရုံသာ တတ်နိုင်တော့သည်။ အမိန့်မနာခံတာနဲ့ ဘယ်ချိန်မဆို ပေါက်ကွဲသေဆုံးသွားရမှာဖြစ်သည်။ ရေခဲချီလင်လို စိတ်ဝိညာဉ်သားရဲတစ်ကောင်တောင်မှ အဲ့လို ကျိုးပျက်ဝိညာက်အဖြစ်ကနေ ပြန်ကောင်းလာဖို့ ခက်နေဆဲပင်။ အဲ့အပြင် မျိုးစေ့ချလိုက်တဲ့အစေ့က ပေါက်ကွဲစွမ်းအားတစ်ခုပါရှိသည်။ ခေါင်းထဲ တစ်စေ့ရှိပြီဆိုတာနဲ့ ဘယ်ချိန်မဆို အစိတ်စိတ်အမွှာမွှာ ပေါက်ထွက်သွားမှာဖြစ်သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now