အပိုင်း ၁၈၁။ ယဲ့ရှန်ပျော်တော်ဆက်ဂေဟာ
"ဒါပေမယ့် မင်းသူနဲ့မရှုပ်တာပိုကောင်းပါတယ်။ လေနဲ့သွေးမြို့တော်က ဂျူနီယာချီ ရဲ့နယ်မြေပါ။ သူ မင်းကို စိတ်အနှောက်အယှက်ဖြစ်သွားရင် အနာဂတ်မှာ ဒီမြို့တော်ထဲက ဘယ်နေရာကိုမှ မင်း သွားနိုင်တော့မှာမဟုတ်ဘူး။" သုန်လင်းသည် ဖုန့်ရှီ၏ တိတ်တဆိတ် ကျေနပ်နေသော မျက်နှာအမူအရာကို သတိမထားမိဘဲ အလျင်အမြန် ဖြတ်ပြောလိုက်သည်။
ဖုန့်ရှီက "ဒါဆို၊ သူတို့က နေရာကူးပြောင်းအခင်းအကျင်းကိုလည်း ကြီးကြပ်ရတာလား။"
"ဟုတ်တယ်၊ မင်း သူတို့ကို စော်ကားရင် လွင်ပြင်ကျယ်ကနေ ထွက်သွားနိုင်ဖို့ ဘယ်တော့မှ မတွေးနဲ့တော့ဘဲ" သုန်လင်းက သူ့ဦးခေါင်းကို ထိလိုက်ကာ ရိုးသားစွာ ပြောလိုက်သည်။
"ကောင်းပြီလေ၊ သွားကြရအောင်။ အပျော်ဂေဟာက ဘယ်မှာလဲ" ဖုန့်ရှီက သုန်လင်းရဲ့ ပခုံးကို ပုတ်ပြီး ရှေ့ကနေ ဦးဆောင်လိုက်သည်။
သုန်လင်းသည် ထိုနေရာသို့ မသွားရန် ဆွဲဆောင်ချင်သော်လည်း ဖုန့်ရှီက အမှန်တကယ် စိတ်လှုပ်ရှားနေပြီး ထိုနေရာသို့ အပျော်သဘောဖြင့် သွားမည့်ပုံမပေါ်ကြောင်း သိလိုက်ရတော့သည်။ ထို့ကြောင့် သူသည် ထိုလူငယ်နောက်သို့သာ လိုက်သွားလိုက်ရတော့၏။ ကံကောင်းထောက်မစွာနှင့်ပဲ သူသည် သူ့တာဝန်ကို သတိရဆဲဖြစ်ကာ ဖုန့်ရှီ သွားလိုသည့်နေရာဖြစ်သည့် လေနှင့်သွေးမြို့တော်ရှိ အကြီးဆုံးနှင့် ဇိမ်အကျဆုံးသော အပျော်ဂေဟာသို့ မရောက်ရှိမီ လက်ဖက်ရည်တစ်အိုးသောက်ရန် ဖုန့်ရှီကို လမ်းညွှန်ခဲ့သည်။ ထိုအပျော်ဂေဟာသည်ကား ယဲ့ရှန်ဟု ခေါ်သည်။
ဖုန့်ရှီက သူ့ဗိုက်ပေါ်လက်တင်ပြီး ကျယ်လောင်စွာရယ်မောရင်း "ဟားဟား... မင်းပြောတာက ဒီနေရာက ယဲ့ရှန်အပျော်ဂေဟာပေါ့"
"တစ်ခုခု အဆင်မပြေလို့လား?" သုန်လင်းက သူ ဘာ့ကြောင့် ထရယ်မှန်း မသိဖြစ်သွား၏။
"ဟင့်အင်း...ဘာမှမဟုတ်ဘူး ဟားဟား...သွားရအောင်!" ဖုန့်ရှီသည် သူ့ရယ်မောခြင်းကို ထိန်းထားရန် အကောင်းဆုံးကြိုးစားခဲ့သည်။ ရယ်စရာကောင်းတယ်။ သူ့ယခင်မင်းဆက်တုန်းက ယဲ့ရှန်ဆိုသည်မှာ ညမှာ မစင်တွေသွန်ပစ်ခြင်းဆိုသည့် အဓိပ္ပါယ်ဖြစ်သည်ကို ဒီကလူတွေသာသိမယ်ဆိုရင် သူတို့ဘယ်လိုခံစားကြရမလဲ။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...