အပိုင်း ၁၇၂။ ခေါင်းမာသော မင်ချင်းယွိ
ဖုန့်ရှီ၏ စကားလုံးတို့က နားလည်မှုတို့ကို လွဲသွားစေနိုင်လောက်သည်။ ဥပမာဆိုရလျင်၊ သူ့စကားတို့က မင်းချင်းယွိဟာ အနိုင်ယူခံလိုက်ရပြီး ထွက်ပြေးသွားခဲ့ရသယောင်ယောင်။
တကယ်တမ်းတော့ တခြားသူနှစ်ဦးကလည်း ထိုသို့တွေးခဲ့ကြခြင်းပင်။ မင်းချင်းယွိသည်ကား ငရဲသားမိသားစုတွင် အရည်အချင်းအရှိဆုံးတော့မဟုတ်။ သူ ငရဲပြည်မှာတော့ ထင်ပေါ်ကျော်ကြားကောင်း ကျော်ကြားနိုငပေမဲ့ သူ့ကျင့်ကြံဆင့်အရဆို သူ့အရည်အချင်းတို့က အလယ်တန်း နှင့် အထက်တန်းအဆင့်လောက်သာရှိသည်ဟု ဆိုနိုင်သည်။
ဒါပေမဲ့ သူ့အဘိုးက အကြီးအကဲချုပ်တစ်ဦးအနေနှင့် ငရဲသားမိသားစုတွင် နေရာအမြင့်တစ်နေရာ ရောက်နေသူဖြစ်သည်မို့ ကျင့်ကြံဖို့ရာအတွက် နတ်ဘုရားနှင့် မိစ္ဆာနိုင်ငံတော်သို့ ကြိမ်ဖန်များစွာ ဆင့်ခေါ်ခြင်းခံခဲ့ရသော်ငြား သူကတော့ သူ့အစီအစဉ်နှင့် သူ ရှိပုံရသည့်အတွက် ဆင့်ခေါ်ခဲ့တိုင်း သူ ငြင်းဆန်ခဲ့မြဲဖြစ်သည်။
သူ့အဘိုးကြောင့်သာမဟုတ်လျင် မင်းချင်းယွိ၏ထိုသို့ တုန့်ပြန်မှုတို့ကြောင့် ငရဲသားမိသားစုတို့က သူ့အပေါ် လက်လျော့လိုက်ကြမှာဖြစ်သည်။ ဒါပေမဲ့လည်း အကြီးအကဲချုပ်က သူ့အပေါ် လက်လျော့ပြီး သူ့ကိုထားခဲ့ကာ ငရဲပြည်ကနေ ထွက်ခွါသွားတဲ့အချိန်မှာပဲ မင်းချင်းယွိထံမှ သူလိုက်ခဲ့မည်ဆိုသော သတင်းစကားကို ကြားလိုက်ရသည့်အတွက် သူ့ကိုပါပျော်ရွှင်စွာ လှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။
ဒါပေမဲ့ မိသားစုအပေါ် ဘာအထောက်အပံ့မှ မပြုဖူးခဲ့တဲ့လူတစ်ယောက်က ပြန်ရောက်လာတာနဲ့ လူတကာလိုချင်နေကြတဲ့ ရာထူးတစ်နေရာကို ချက်ချင်းကြီး ရသွားတာကတော့ အခု ဖုန့်ရှီကို ဝိုင်းထားတဲ့ အမျိုးသား၊ အမျိုးသမီးအပါအဝင် လူငယ်တွေအကြား အငြင်းပွါးဖွယ်ဖြစ်နေခဲ့ကြခြင်းပင်။
အမျိုးသမီးကတော့ ငရဲသားမိသားစုအတွင်း နာမည်ကျော်ကြားသူတစ်ယောက်ဖြစ်သည့် လှပသွက်လက်ကာ ပြီးပြည့်စုံသည့်ခန္ဓာကိုယ်ကောက်ကြောင်း၊ စွဲမက်ဖွယ်မျက်နှာနှင် ညှို့ငင်နိုင်စွမ်းရှိသည့် မင်းကျိဖြစ်သည်။ မင်းချင်းယွိထက်မနည်းသော ဘုရားပေးသည့်ဆုတို့နှင့် သူမကလည်း ငရဲသားမိသားစုဝင်များအကြား ထိပ်တန်းသုံးနေရာမှာ ပါဝင်နိုင်သူဖြစ်ကာ ငရဲသားမိသားစုအတွင်းက လူငယ်လူရွယ်များအကြား စိတ်ကူးအိမ်မက်ထဲကမိန်းကလေးတစ်ယောက်လည်းဖြစ်သည်။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...