Chapter 193 Sending Gifts Is Also Flustering

1K 152 2
                                    

အပိုင်း ၁၉၃။ လက်ဆောင်တွေ ပေးရတာလည်း ရှက်စရာ

ရေခဲချီလင်၏ စကားကိုကြားတော့ ဦးလေးဖြူက ဖုန့်ရှီကို ကြည့်လိုက်သည်။ သူ၏ တည်ငြိမ်ပြီး လေးနက်သော မျက်လုံးများက ဖုန့်ရှီထံသို့ မြဲမြံစွာ ကျရောက်နေ၏။ သူဘာတွေ တွေးနေသလဲဆိုတာ မည်သူမှ မပြောနိုင်ပေ။

ဖုန့်ရှီက စိုက်ကြည့်ခံလိုက်ရခြင်းကြောင့် စိတ်မသက်မသာ ခံစားလာရသဖြင့် လက်ဆောင်ကိုသာ ထုတ်ပေးလိုက်နိုင်ခဲ့တော့သည်။

သူက ထိုပစ္စည်းနှစ်ခုကို ကျောက်စိမ်းသေတ္တာထဲ သေသေချာချာ ထည့်ထားခဲ့တာဖြစ်သည်။ သေတ္တာက အလွန်ကောင်းမွန်စွာ ထုပ်ပိုးထားသောကြောင့် အတွင်းမှ အရာများကို လုံးဝ မမြင်နိုင်ပေ။

သူက ဦးလေးဖြူဆီသို့ ခြေလှမ်းစိတ်စိတ်ဖြင့် လျှောက်သွားလိုက်သည်။ သူ ပြုံးနေပေမယ့် သူ့မျက်နှာကတော့ အနည်းငယ် တောင့်တင်းနေဆဲဖြစ်၏။ ဦးလေးဖြူ၏ မျက်လုံးအကြည့်တို့ကို ရှောင်ရန်ကြိုးစားလိုက်ပြီး တဆက်တည်းမှာပင် ကျောက်စိမ်းသေတ္တာကို ကမ်းပေးလိုက်ကာ "ဦးလေးဖြူ၊ ဒါ ဦးလေးဖြူအတွက် ကျွန်တော့်ရဲ့ လေးစားမှုကို ပြသတဲ့ လက်ဆောင်တစ်ခုပါ။ အာ၊ သဘောကျမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်" ဟု ပြောလိုက်သည်။

သူ ပြောပြီးသွားသည်နှင့် ခန်းမကြီး တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ ဦးလေးဖြူက ချက်ချင်း မယူလိုက်ပေ။ ထိုအစား သူက ဖုန့်ရှီကို အချိန်အကြာကြီး စိုက်ကြည့်နေလိုက်သည်။ ဖုန့်ရှီ ရူးလုမတတ် မဖြစ်ခင်အထိ သူ ဖုန့်ရှီထံကနေ ကျောက်စိမ်းသေတ္တာကို ကြီးမြတ်တဲ့လက်ဆောင်တစ်ခု ရသလိုမျိုး မယူခဲ့ဘဲ ချက်ခြင်းလည်း မဖွင့်ခဲ့ပေ။ သူက ထူးမခြားနားစွာနှင့်ပဲ "ကျေးဇူးတင်ပါတယ် ကလေး" ဟု ပြောလိုက်သည်။

ဖုန့်ရှီက ရှက်ရွံ့စွာဖြင့် ခေါင်းကို ချက်ချင်း ပွတ်လိုက်ကာ "ရပါတယ်။"

"ဟေ့လူ၊ ခင်များကို ဖုန့်ရှီ ဘာပေးတာလဲဆိုတာ တစ်ခါတည်း ဖွင့်ကြည့်လိုက်ပါလား။ မင်း မသိချင်ဘူးလား? အဲ့တာက မင်းကို အံ့အားသင့်သွားရင်လည်း အံ့အားသင့်သွားစေနိုင်တာပဲလေ။"

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now