အပိုင်း ၁၀၃။ အမွှာမိစ္ဆာ
နောက်ဆုံးတော့ ဖုန့်ရှီ ကောင်းကင်ထွတ်ထိပ်နန်းတော်ဆီကနေ ထွက်ခွါလာပြီး မကြာမီ အချိန်မရွေး ပြန်သွားရတော့မည်မှာ သေချာသည်။
စျေးတလျောက်၊ ဖုန့်ရှီတစ်ယောက် လူစည်ကားတဲ့လမ်းတွေမှာ တိုးကြိတ် ကျပ်ညပ်နေတော့သည်။ နစ်မွမ်းနေကာ သူ့နောက် လိုက်လာတဲ့ သံသယဖြစ်ဖွယ် လူနှစ်ယောက်ကို လုံးလုံးလျားလျား သတိမပြုမိပေ။
အဲ့လူနှစ်ယောက်က အကြိမ်များစွာ တိုက်ချင်နေပေမဲ့ လူအုပ်ကြားထဲ ကျွမ်းကျင်စွာ ကွေ့ကောက် လိမ်ဖယ်ကာ တိုးနေတာကြောင့် သူတို့ နှောင့်နေးနေကြပြီး ကောင်လေးဆီ ချည်းကပ်ဖို့ အခွင့်မသာ ဖြစ်နေကြသည်။ သူတို့မှာရှိတဲ့ အသေးစားစိတ်ရှည်မှုလေး အကုန် သုံးကာ ဖုန့်ရှီရဲ့ နောက်ကျောကို အံတကြိတ်ကြိတ်ဖြင့် စိုက်ကြည့်ရုံသာ တတ်နိုင်ကြတော့သည်။
"အစ်ကို၊ ဒီကလေးက အစားအသောက်သရဲလား? သူ မရပ်မနား စားနေခဲ့တာ၊ တစ်ချက်လေး နားတာတောင် ငါတို့ မမြင်သေးဘူး။ ပိုဆိုးတာက သူက လူအုပ်ထဲ အတင်းကို တိုးနေတာ။ ငါတို့ သူ့ကို ဘယ်လို ဖမ်းမလဲ? ငါတို့ သူ့နောက် နောက်ယောင်ခံလိုက်နေတာကို သူ သိသွားလို့များလား?" အဝတ်ဖြူဝတ် သတ်လတ်အရွယ် အမျိုးသားက ဒီလောက်များတဲ့ အစားအသောက်တွေ ဝယ်နိုင်၊ စားနိုင်နေတဲ့သူမျိုး တခါမှ မမြင်ဖူးတဲ့အတွက် အံ့ဩမင်သက်နေတော့သည်။ တစ်နာရီတောင် ကုန်သွားပြီီ၊ ကောင်လေးက ခုထိ ပင်ပန်းသေးပုံမပေါ်သေး။
"မဖြစ်နိုင်လောက်ဘူး၊ ကောင်လေးရဲ့ စိတ်ဝိညာဉ်စွမ်းအင်က နည်းနည်းလေးပဲ လှုပ်ရှားနိုင်တာ။ သူ ငါတို့ကို ခုထိ သတိမပြုမိသေးဘူး။"
ကြံရာပါ အနက်ဝတ် သတ်လတ်အရွယ်အမျိုးသားက ခေါင်းခါလိုက်၏။ သူ့ရဲ့ စိတ်ဝိညာဉ်သိစိတ်နဲ့ ကောင်လေးရဲ့ ကိုယ်ခန္ဓာအနှံ့ စစ်ဆေးကြည့်ပြီးပြီ၊ စွမ်းအင် ယောင်ယောင်လေးပဲ လှုပ်ရှားနေတာကို သူ ရှာတွေ့ခဲ့သည်။ အနက်ရောင်ဝတ်ရုံဝတ်လူက အရင်က ထင်မှတ်မထားလောက်အောင် သန်မာတာမို့ သူတို့ရဲ့ အစီအစဉ်ကို ကောင်လေးပေါ် စမ်းသပ်နိုင်ရုံသာ ဖြစ်သည်။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasíaစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...