79. Violent Team

1.6K 268 9
                                    

Please scroll down for Zawgyi.

အပိုင်း ၇၉။ ကြမ်းကြုတ်ရက်စက်တဲ့အသင်း

လူအားလုံးက ကွင်းထဲကနေ ကန်အထုတ်ခံလိုက်ရတဲ့ တက်ရောက်သူကို တိတ်တဆိတ် ကြည့်လိုက်ကြသည်။

ဒါပေမဲ့ ပြေးနေတဲ့ကောင်လေးက အဲ့တာကို သတိထားမိပုံမပေါ်ဘဲ သူ့ကိုယ်ခန္ဓာကိုယ်ကို ရွှေရောင်စိတ်ဝိညာဉ်အလွှာပါး ဖုံးလွှမ်းကာ ပိုပြီးစိတ်အားထက်သန်စွာနဲ့ ရွေ့လျားနေ၏။ အလွှာပါးက အရမ်းပါးဟန် ပေါ်နေပေမဲ့ ဘယ်သူကမှ လျစ်လျူမရှုဝံ့ကြပေ။

ကွင်းအမှတ် တစ်ဆယ်ထဲက ကျင့်ကြံသူတွေဟာ အခုတော့ ကောင်လေးကို သူတို့ရဲ့ ပျက်စီးရာပျက်စီးကြောင်း အန္တရာယ်ပေးနိုင်သူအနေနဲ့ မှတ်ယူလိုက်ကြပြီဖြစ်သည်။ စိတ်ဝိညာဉ်စွမ်းအင် ဘယ်လောက်များများ သူတို့ ပိုင်ဆိုင်သည်ဖြစ်ပါစေ သူတို့က ရွှေရောင်ဝိညာဉ်အလွှာပါးနဲ့ကောင်လေးဆီ ပြေးဝင်သွားမိတာနဲ့ သူတို့ ကွင်းထဲကနေ ကန်အထုတ်ခံရမှာပဲဖြစ်သည်။ အဲ့နေရာမှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်သွားပြီးတဲ့နောက်မှာတော့ တက်ရောက်သူ ငါးဦး ခြောက်ဦးလောက်ဟာ ကွင်းအပြင်ဘက်မြေပြင်ပေါ် လဲကျသွားလေပြီ။ ကောင်လေးက ဖြုံလောက်စရာပဲ!

ကျန်တဲ့ တက်ရောက်သူတွေဟာလည်း အခြေအနေက သူတို့အတွက် ဘယ်လိုတောင် ဆိုးဝါးသလဲဆိုတာ သတိပြုမိသွားကြ၏။ အဲ့အတွက်ကြောင့် အနည်းစုက သူတို့ အခုလောလောဆယ် အဖွဲ့ ဖွဲ့လိုက်ကြဖို့ သဘောတူညီလိုက်ကြတယ်။ ကိုယ့်ကိုယ်ကို အလွန်အမင်း အထင်ကြီးနေတဲ့သူတွေရယ်၊ အဖွဲ့ထဲကသူတွေက သူတို့ကို ခိုးကြောင်ခိုးဝှက် တိိုက်ကြမှာကို ကြောက်ကြသူတွေရယ်ကတော့ တစ်ယောက်တည်း သီးသန့်နေဖို့ ရွေးချယ်လိုက်ကြသည်။ ကျင့်ကြံသူအချို့က ဖု့န်ရှီဆီ ဒေါသတကြီး ပြေးသွားကြပေမဲ့ အမွှေးမဲ့ကြက်ရဲ့ ဖယ်ရှားခြင်းကို ခံလိုက်ကြရ၏။

ကိုယ့်ကိုယ်ကို အထင်ကြီး လေးစားပြီး သွင်ပြင်ပြရုပ်ကို ထိန်းထားချင်တဲ့ အချို့သော ကျင့်ကြံသူတွေက သူတို့ အသက်နှစ်ဆယ်အောက် ကောင်လေးတစ်ယောက်ရဲ့ အလိုက်ခံရမှုကြောင့် ဖရိုဖရဲထွက်ပြေးခဲ့ကြရတဲ့အပေါ် ဒေါသ ချောင်းချောင်းထွက်သွားကြသည်။ တကယ်လို့ အခြားသူတွေသာ ဒီနေ့အဖြစ်အပျက်ကို သိသွားကြမယ်ဆိုရင် သူတို့ရဲ့မိသားစုတွေ အရှက်ရကြလိမ့်မှာဖြစ်ပြီး သူတို့ အိမ်ပြန်သွားတဲ့အခါ အဆဲခံရမယ့်အပြင်၊ အပစ်ပေးတောင် ခံရနိုင်ချေရှိနေကြသည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now