အပိုင်း ၂၃။ အပြစ်ပေးခြင်း
မီးခိုးရောင်ဝတ်ရုံနဲ့ သုန်းဖန်းအောင်က ဘုရင်ကြီးဆီ ယိမ်းထိုးပြီး အပြေးလာခဲ့တယ်။
သူသာ မြန်နိုင်သမျှ မြန်မြန် ပြေးမလာဘူးဆိုရင် သူ့ရဲ့ တစ်ဦးတည်းသော သမီးလေး ဒီကမ္ဘာကြီးကနေ ပျောက်ကွယ်သွားမှာ ဖြစ်တယ်။
သုန်းဖန်းလင်အာက နာကျင်မှုကြောင့် စိတ်ရှုပ်ထွေးနေတဲ့အခြေအနေကို ရောက်နေပြီ ဖြစ်ပေမဲ့ သူမ ဖခင်ရဲ့အသံကို သူမ ကြားနိုင်သေးတယ်။ သူမအဖေကို ကောင်လေးကို သတ်ဖို့ တောင်းဆိုချင်ခဲ့တယ်။ ဒါပေမဲ့ သူမ ဖခင်နှုတ်ကနေ ထွက်လာတဲ့ အသံကို ကြားလိုက်ရတော့ သူမ စိတ်တွေ ရုတ်တရက် ဗလာ ဖြစ်သွားရတယ်။ သူမ အခုတော့ ကြောက်လွန်းမက ကြောက်နေပြီး သူမဖခင်ရဲ့ အသံက သူမရဲ့ ခေါင်းထဲမှာ ပဲ့တင်ထပ်နေတယ်။
ငရဲမင်းတြားကြီး။ ခု ပေါ်လာတဲ့သူက ငရဲမင်းတြားကြီး...
သုန်းဖန်းအောင်ရဲ့ စကားတွေက လူတိုင်းရဲ့ မှန်းဆချက်ကို အတည်ပြုပေးခဲ့တယ်။ ဘုရင်ကြီးက ကောင်လေးတစ်ယောက်အတွက် ပေါ်လာမှာမဟုတ်ဘူးဆိုပြီး ယန်းမင်းနဲ့ အခြားသူတွေက အရဲကိုးခဲ့ကြတယ်၊ ဒါပေမဲ့ ခုတော့ စိတ်ပျက်ခြင်းတို့နဲ့သာ အဆုံးသတ်သွားခဲ့ကြရပြီ ဖြစ်တယ်။
"မင်းကြီး၊ ကျွန်တော်မျိုးက သုန်းဖန်းအောင်ပါ!" သုန်းဖန်းအောင်က ငရဲမင်းကြီးရဲ့ အရှေ့မှာ အနည်းငယ် ကိုးရို့ကားရားနိုင်စွာ ရပ်လိုက်ပါတယ်။ ဒါပေမဲ့ မီးတောက်ဝန်အနေနဲ့ သူ့ရဲ့ စိတ်အခြေအနေကို ထိန်းညှိပြီးဖြစ်ပါတယ်။ ဘုရင်ကြီးနား သူ ချည်းကပ်လာတဲ့အချိန်မှာ သူ့ခြေလှမ်းတို့က အနည်းငယ် အလျင်လိုနေပေမဲ့ သူ့မျက်နှာပေါ်က သွင်ပြင်ကတော့ တည်ငြိမ်နေပြီး အေးချမ်းနေပါတယ်။
"မီးတောက်ဝန်ကြီး၊ မောင်မင်းက သူမ အတွက် အသနားခံချင်တယ်?" ငရဲမင်းကြီးက သုန်းဖန်းအောင်ကို အေးစက်စက်အကြည့်တစ်ချက်နဲ့ ဖျက်ခနဲ ကြည့်လိုက်တယ်။ ဘုရင်ကြီး အခု ဘာတွေးနေတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ကြ။
ဒါကိုကြားလိုက်ရတော့ သူ့နှလုံးသားလေး နာကျင်သွားရတာကို သုန်းဖန်းအောင် ခံစားမိလိုက်တယ်။ ငရဲမင်းကြီးက ဒီကိစ္စကို လွယ်လွယ်နဲ့ အဆုံးသတ်ခွင့် ပြုမှာမဟုတ်ဘူး။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...