Chapter 192: Old

891 129 1
                                    

အပိုင်း ၁၉၂။ အိုမင်းသော

"ခဏ!"မျိုးရိုးမြင့်အမျိုးသမီးက ဖုန့်ရှီနဲ့အဖော်တို့အား အေးစက်စွာအော်ပြောလိုက်သည်။

ဖုန့်ရှီက ဒီအမျိုးသမီး သူတို့နောက်ကို လိုက်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့တာကြောင့် အံ့အားတသင့်နှင့် လှည့်ကြည့်လိုက်သည်။

မျိုးရိုးမြင့်အမျိုးသမီးက ခေါင်းကို မော်ထားကာ ဖုန့်ရှီထံ လျှောက်လှမ်းလာပြီး "ငါ မြေကမ္ဘာဆေးကို လိုချင်တယ်။ အဲဒါရဖို့ ငါ ဘာလုပ်ရမလဲ?" လို့ မောက်မာစွာ ပြောလိုက်တယ်။

ထိုအမျိုးသမီး၏ စကားကိုကြားတော့ ဖုန့်ရှီအနည်းငယ် အံ့ဩသွားရ၏။ သို့သော်လည်း ဖုန့်ရှီက မျိုးရိုးမြင့်အမျိုးသမီး၏ မောက်မာသောသဘောထားကို မြင်လိုက်သောအခါ၊ "မင်း ဒီလမ်းကနေ အဆုံးထိ နောက်ပြန်လှည့်သွားမယ်ရင် မင်းပြောတာကို ငါစဉ်းစားပေးမယ်" လို့ ပြန်ဖြေလိုက်တယ်။

ဖုန့်ရှီပြောပြီးသွားသည်နှင့် ရေခဲချီလင်က ရယ်မောလိုက်လေတော့သည်။

မျိုးရိုးမြင့်အမျိုးသမီးသည် ထိုကဲ့သို့ အရှက်ခွဲခြင်းမျိုး မခံခဲ့ရဖူးသောကြောင့် ဒေါသ ထောင်းထောင်းထသွားကာ ဖုန့်ရှီအား သူမ၏ သွယ်လျသောလက်ချောင်းဖြင့် ညွှန်ပြလိုက်ရင်း ပြောလိုက်သည်၊ "နင်ကများ ရာရာစစ! ငါဘယ်သူလဲဆိုတာ နင်သိလား? နင်ငါ့ကို ဘယ်လိုတောင် အဲ့လိုပြောရဲတာလဲ ? ငါ့လူက ဘယ်သူလဲဆိုတာ နင်သိလား? သူက ကောင်းကင်ဘုံ နတ်ဘုရားကိုးပါးထဲက တစ်ပါးပဲ — ကြီးမြတ်တဲ့ ကောင်းကင်ဘုံ နတ်ဘုရား ယင်းဖုန်း၊ နင်ငါ့ကို ဘယ်လို ဆက်ဆံလိုက်တယ်ဆိုတာ သူသိသွားခဲ့ရင် သူက နင့်ကို ငရဲကို ပို့ပေးလိမ့်မယ်။"

ဖုန့်ရှီက မျက်ခုံးပင့်ကာ အံ့သြစွာ တွေးလိုက်မိသည်၊ "ကြီးမြတ်တဲ့ ကောင်းကင်ဘုံနတ်ဘုရား ယင်းဖုန်း? ဒါ တကယ်စိတ်အနှောက်အယှက်ဖြစ်စေတဲ့ နာမည်တစ်ခုပဲ"

"မင်း ဘာသောက်စကားတွေ ပြောနေတာလဲ၊ မင်း အခု ငါ့ကို တောင်းပန်ရမယ်ဆိုတာ သိရဲ့လား? ကောင်းကင်ဘုံနတ်ဘုရားယင်းဖုန်းက မိန်းမတွေအပေါ် သူ့ရဲ့အကြိုက်က အမြင်သိပ်မရှိဘူးထင်တယ်။ သူက မင်းကိုကြိုက်တယ်? ဟုတ်လား? ဟားဟားဟား။ ဟာသပဲ။ ကြီးမြတ်တဲ့ကောင်းကင်ဘုံနတ်ဘုရားတစ်ပါးက ဒီလို ကြွက်စုတ်တစ်ကောင်ကို ကြိုက်နှစ်သက်လိမ့်မယ်လို့ ငါ တကယ် မမျှော်လင့်ထားခဲ့ဘူး။ ဒါ့ထက် မင်းက မင်းရဲ့မင်း တန်ခိုးကြီးတယ်လို့ ထင်နေတာလား? မင်း အဲ့လိုထင်တယ်ဆိုရင် ငါ့လူက မင်းကို သင်ခန်းစာပေးပေးလိမ့်မယ်။" ဖုန့်ရှီက ခေါင်းကို ခါယမ်းလိုက်ကာ မျိုးရိုးမြင့်အမျိုးသမီးအား ပြောလိုက်သည်။ ဖုန့်ရှီ၏စကားထဲတွင် ကြီးမြတ်တဲ့ ကောင်းကင်ဘုံနတ်ဘုရား ယင်းဖုန်းရော ဒီမျိုးရိုးမြင့်အမျိုးသမီးရော နှစ်ယောက်စလုံးကို လှောင်ပြောင်လိုက်ခြင်းဖြစ်သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now