အပိုင်း ၁၁၆။ နေရာကူးပြောင်းစက်
သူတော်စင်နယ်ပယ်အဆင့် မိစ္ဆာသားရဲနှစ်ကောင်?
"အိုး၊ အဲ့ဒီ့မိစ္ဆာသားရဲနှစ်ကောင်က သူတော်စင်နယ်ပယ်အဆင့်! မယုံနိုင်စရာပဲ!"
"အဲ့တာက မယုံနိုင်စရာထက်ကို ပိုနေပြီ! ငါ့ နှလုံးက ရင်ဘတ်ထဲကနေ ခုန်ထွက်တော့မယ်။ ငါ့မှာသာ သူတော်စင်နယ်ပယ် မိစ္ဆာသားရဲတစ်ကောင် ရှိမယ်ဆိုရင် ငါ အိပ်မပျော်နိုင်လောက်အောင်ကို စိတ်လှုပ်ရှားလွန်းမိမယ်!"
"ဒီသခင်ငယ်လေးက တကယ်ကို ယှဉ်ဖို့ခက်ခဲတာပဲ။ မိစ္ဆာသားရဲတစ်ကောင်ရှိရင်တောင် အတော် အံ့ဩဖို့ကောင်းနေပြီလို့ ငါ ထင်ခဲ့တာ။ သူ့မှာ နောက်တစ်ကောင် ရှိနေမယ်လို့ ငါလုံးဝ မမျှော်လင့်ထားခဲ့မိဘူး။ ဒီအကူအညီတွေနဲ့ဆိုရင် ဒီသခငက နတ်ဘုရားဥဿျှောင်နယ်ပယ်အဆင့် အဆင့်မြင့်တန်းက ပညာရှင်တစ်ယောက်နဲ့ ရင်ဆိုင်ရမယ်ဆိုရင်တောင်မှ မျက်နှာတစ်ချက် ရှုံ့မှာတောင်မဟုတ်ဘူး။ သားရဲနှစ်ကောင် အတူလက်တွဲပူးပေါင်းတာကိုက သူ့ရန်သူတွေ ကြောက်လန့်တကြား အဝေးပြေးသွားစေလောက်တယ်။"
"သေချာတာပေါ့။ အင်း၊ ဒီသခင်လေးကို စိန်ခေါ်တယ်ဆိုတာ အတော် တုံးတာပဲ။ နတ်ဘုရားဥဿျှောင်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ယောက်၊ ဟမ့်၊ အဲ့တာ ဘာမှမဟုတ်ဘူး!"
လူအုပ်ထဲကလူတွေက သူတို့ဘယ်လောက် အံ့အားသင့်သွားကြသလဲဆိုတာကို တွတ်ထိုးနေကြသည်။ မကြာမီပဲ သူတို့ခံစားနေရတဲ့ အံ့အားသင့်မှုက အလွန်အမင်း စိတ်လှုပ်ရှားမှုအဖြစ် ပြောင်းသွားတော့သည်။
အခု ကျင့်ကြံသူနှစ်ယောက်တိုက်ဖို့ မလိုအပ်တော့ချေ၊ အကြောင်းကတော့ မြေဝက်ဝံနဲ့ ချင်းကျန်တို့က အားနည်းနေပြီးသားမို့ ဖိအားတွေအောက်မှာ မြေကြီးပေါ် ခြေယိုင်ကျသွားကြတော့သည်။ သူတို့အနေနဲ့ မတ်မတ်ရပ်ဖို့ဆိုတာ သိသိသာသာကို ခက်ခဲလွန်းလှတာမို့ တိုက်ပွဲဝင်ဖို့ဆို ပိုလို့တောင် မဖြစ်နိုင်။ အဆင့်မြင့်နယ်ပယ်က မိစ္ဆာသားရဲတွေက အလွန်အဖိုးတန်ပေမဲ့ သူတော်စင်နယ်ပယ်နဲ့တော့ လုံးဝကို ယှဉ်မရပေ၊ အကြောင်းကတော့ သူတော်စင်နယ်ပယ်တွေက သူတို့မှာ ဝမ်းတွင်းပါသန်မာမှု ရှိကြ၏။ သူတော်စင်နယ်ပယ်ကို ရောက်နိုင်တဲ့ မိစ္ဆာသားရဲတွေအားလုံးက အဆင့်မြင့်တန်းမျိုးရိုးသွေးဆက်တွေရှိကြတာကြောင့် အခြားသတ္တဝါတွေအပေါ် ဖိအားပေးနိုင်စွမ်းနဲ့ မွေးဖွားလာကြတာဖြစ်သည်။ နယ်ပယ်နှစ်ခုက မိစ္ဆာသားရဲတွေအကြား ကြီးမားတဲ့စွမ်းအားကွာဟချက်ကြောင့် မြေဝက်ဝံက ခုခံဖို့ရည်ရွယ်ချက်တောင် ရှိမနေပေ။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasiစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...