44. Does Your Butt Hurt

1.9K 331 9
                                    

အပိုင်း ၄၄။ ခင်များဖင် နာသွားလား

အဆင့်အတန်း မြင့်မားတဲ့ အမှောင်ငရဲသားအရှင်ဟာ သူ့သွင်ပြင်နဲ့ ပုံရိပ်ကို အလွန် အလေးထားတယ်။

ဒါပေမဲ့ သူ့ပုံရိပ်ကို အကဲဆတ်တဲ့ ဒီအရှင်ဟာ ကောင်းကင်ထွတ်ထိပ်နန်းတော် ဝင်ပေါက်ဝအရှေ့မှာ ကောင်လေးတစ်ယောက်ရဲ့ ဝင်တိုက်တာကို ခံလိုက်ရပြီး အလွယ်တကူ လဲသွားရတယ်။ အရေးအကြီးဆုံးအချက်က သူ့တင်ပါး မြေကြီးနဲ့ တည့်တည့်ကို မိတ်ဆက်သွားတော့တာပါပဲ!

တကယ်လို့ အခြားသူတွေက သူ့တင်ပါးနဲ့ မြေကြီးနဲ့ မိတ်ဆက်သွားတဲ့အသံ အကျယ်ကြီးကိုသာ ကြားသွားကြမယ်ဆိုရင် သူတို့အားလုံး ဝမ်းသာသွားကြလိမ့်မယ်!

အမှောင်ငရဲသားအရှင်ရဲ့ မျက်နှာအရောင်က ဖြူလျော်သွားတယ်၊​ ပြီးတော့ နီရဲလာရာကနေ စိမ်းလာပြီး နောက်ဆုံးတော့ လုံးဝကို ခရမ်းရောင် ဖြစ်သွားတယ်။ သူ့ခေါင်းထဲ မိုးခြိမ်းသံပဲ ကြားလိုက်ရပြီး သူ့မျက်နှာ လုံးဝ ရှုံ့တွသွားကာ သူ့မျက်လုံးမှာ သွေးနဲ့ပြည့်သွားတယ်။ သိသိသာသာကြီးကို သူ ဒေါသအထွတ်အထိပ် ဆူပွက်နေလေပြီ။

"မင်း..."

"ဖတ်! ဆောရီး ဆောရီး၊ ကျွန်တော် မရည်ရွယ်ပါဘူး။ အဆင်ပြေရဲ့လား အဘိုး?"

အမှောင်ငရဲသားအရှင်နဲ့ တိုက်မိသွားတဲ့ ကောင်လေးက အခု ပျာယာခတ်နေရာကနေ ရပ်သွားပြီ ဖြစ်တယ်။ သူ့လည်း နာနေတာကြောင့် သူ့နဖူးကို လက်နဲ့ ကာရင်း မျက်နှာ မဲ့နေပေမဲ့ အမှောင်ငရဲသားအရှင်ရဲ့ အခြေအနေကို ယဉ်ကျေးစွာပဲ မေးနေဆဲ ဖြစ်တယ်။ ဒါပေမဲ့ သူ အစပိုင်းတုန်းက တခိခိရယ်မိတာကိုသာ ထိန်းထားနိုင်ခဲ့မယ်ဆိုရင် အမှောင်ငရဲသားအရှင်ရဲ့ မျက်နှာပေါ်က အမူအယာက အခုထက် ပိုကောင်းနေမှာပဲဖြစ်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် အရှင်က ကောင်လေးရဲ့ တခိခိအုပ်ရီလိုက်တာကို ကြားသွားခဲ့တော့ သူ့မျက်နှာအမူအယာက ပိုလို့တောင် တင်းသွားတယ်။ သွေးတွေ သူ့ခေါင်းထဲ အမြန် စီးဝင်နေသလို သူ့မျက်နှာတင် ရဲပတောင်းခတ် နီနေတာမဟုတ်ပဲ သူ့နားရွက်တွေပါ နီရဲနေတယ်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now