အပိုင်း ၃၉။ ရေစက်ပါသော ဘေးအန္တရာယ်
လူကြီးရဲ့ ခန့်ညားလှပတဲ့ မျက်နှာဟာ တောက်ပ လင်းလက်နေတယ်။ သူ့ရဲ့ မျက်ခုံးတို့က ဘယ်တော့မှ မရွေ့သွားတဲ့ပုံ ပေါ်နေပြီး သူ့မျက်ဝန်းအကြည့်တို့က တည်ငြိမ်နေပေမဲ့ နားလည်ဖို့ရန်လည်း ခက်ခဲနေတယ်။ အထူးခြားဆုံး အရာကတော့ သန့်စင်ပြီး မျက်စိကျိန်းလောက်အောင် တောက်ပနေတဲ့ သူ့နဖူးပေါ်က ငွေမှင်ရောင်ကျောက်မျက် ဖြစ်တယ်။ အဲ့တာက ကမ္ဘာမှာ အတောက်ပဆုံး ကျောက်မျက်ဖြစ်ရမယ်။ ကျောက်မျက်ကနေ အေးစက်တဲ့ ငွေရောင်အလင်းတို့ ထုတ်လွှတ်နေတာကြောင့် အဲ့အချိန်မှာ လူကြီးကို ဘယ်သူမှ ရဲရဲမကြည့်ဝံ့ကြ။
လူကြီးက ဘာမှ မလုပ်တာတောင်မှ အခြားသူတွေက သူ့ထံက ဖိအားကို ခံနေကြရတယ်။ သူဟာ ခန့်ညားတဲ့ အရှိန်အဝါ အဟန့်နဲ့ မွေးဖွားလာမှန်း သိသာရှင်းလင်းတယ်၊ သူ့ရဲ့ နှစ်ရှည် ကြာညောင်းလှတဲ့ ဘုရင်နန်းသက်ကြောင့်လည်း ရှိန်လောက်ဖွယ် အဟိတ်အဟန့် ရှိနေတယ်။ နဂါးပျံပွဲကြည့်စင်ရုံထဲမှာ ကျွမ်းကျင်ပညာရှင်တွေ မြောက်များစွာ ရှိနေခဲ့တယ်။ ဒါပေမဲ့ အံ့အားသင့်မှုနဲ့အတူ သူတို့အားလုံး မထိန်းနိုင်တော့ဘဲ ကြောက်လန့်တကြား ခြေတစ်လှမ်း နောက်ဆုတ်သွားကြတယ်။
အဲ့လူကို ဘာလို့ သူတို့ ကြည့်တောင် မကြည့်ရဲ၊ ဒါမှမဟုတ် အဲ့လူရဲ့ ခန့်ညားတဲ့အဟိတ်အဟန့်ကြောင့် ဘာလို့ နည်းနည်းလေးတောင် မလှုပ်ရဲ ဖြစ်နေကြတာလဲဆိုတာကို သူတို့ကိုယ်တိုင်လည်း မသိကြ။ အဲ့လူက ဘယ်သူလဲ?
ဒီထဲရှိနေတဲ့ ဘယ်သူတစ်ဦးတစ်ယောက်ကမှ အဆိုပါလူက ဘယ်သူလဲဆိုတာကို မသိကြ၊ ဒါပေမဲ့ နတ်ဘုရားနိုင်ငံတော်နဲ့ မိစ္ဆာနိုင်ငံတော်တို့မှာတောင် သူ့ကို အထူးကျွမ်းကျင်ပညာရှင် တစ်ယောက်အနေနဲ့ မှတ်ယူနိုင်ကြောင်းတော့ သူတို့ မှန်းဆနိုင်ကြတယ်။ ဒီထဲက လူအချို့ကတော့ ကံကောင်းစွာပဲ ငရဲသားမိသားစုရဲ့ အမှောင်ငရဲသားအရှင်ကို တွေ့ဖူးကြတယ်။ အဲ့အချိန်တုန်းက သူတို့ အမှောင်ငရဲသားအရှင်ကို အထူးလေးစားကြပြီး သူ့ကိုကြည့်မိတဲ့အခိုက်အတန့်မှာ ဝမ်းသာပီတိ ခံစားခဲ့ကြရတယ်။
![](https://img.wattpad.com/cover/283957249-288-k696950.jpg)
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...