59. The Assessment (4)

1.6K 277 2
                                    

Unicode
အပိုင်း ၅၉။ အကဲဖြတ်မှု ()

သူ အခု လူအများရဲ့ အာရုံစိုက်ခံရမှုတွေ ရရှိနေတာကို ဖုန့်ရှီ သတိပြုမိသွားတယ်။ ဒါပေမဲ့ အခြားသူတွေရဲ့ မျက်လုံးတွေကို သူ မထိန်းချုပ်နိုင်တာဖြစ်လို့ သူဘာမှ မမြင်သလိုပဲ ဟန်ဆောင်လိုက်ရတယ်။

သူ့ကို အမြဲ အေးစက်တဲ့အကြည့်နဲ့ ကြည့်တတ်တဲ့ ဦးလေးဖြူနဲ့ နေတာ ရက်တော်တော်ကြာပြီးနောက်မှာတော့ ဖုန့်ရှီဟာ ဒီလူတွေရဲ့ စိုက်ကြည့်နေတဲ့အကြည့်ဟာ သူ့အတွက် သည်းခံဖို့ အတော်လွယ်တယ်ဆိုတာ သိသွားတယ်။ အဲ့နောက် သူ့ကိုယ်သူ စိတ်အေးအောင်လုပ်လိုက်ပြီး မှတ်ပုံတင်စာရင်း ရေးသွင်းတဲ့ တာဝန်ရှိသူတစ်ဦးလို့ ထင်ရတဲ့ အမျိုးသားတစ်ယောက်ဆီ လျောက်သွားလိုက်တယ်။

အစိမ်းရောင် ငရဲသားအသင်းအဖွဲ့ဆီ လာတဲ့လမ်းမှာ ဦးလေးဖြူက ဖုန့်ရှီကို အကဲဖြတ်မှုကို ဘယ်လိုလုပ်သလဲဆိုတာတွေနဲ့ စည်းမျဉ်းစည်းကမ်း အချို့တွေကို ပြောပြခဲ့တယ်။ ဒါ့ကြောင့် ပထမဆုံးလုပ်ရမှာက မှတ်ပုံတင်စာရင်းသွင်းတာဆိုတာ ဖုန့်ရှီ သိတယ်။

ကျင့်ကြံသူတစ်ယောက် မှတ်ပုံတင်စာရင်းသွင်းပြီးတဲ့အခါ သူ ဒါမှမဟုတ် သူမကို အသင်းအဖွဲ့ရဲ့ ဝန်ထမ်းတစ်ယောက်က သတ်မှတ်အဖွဲ့တစ်ခုမှာ တာဝန်ချပေးတယ်။ ဒါ့အပြင် တကယ်လို့ ကျင့်ကြံသူအချို့က လိမ်လည်လှည့်ဖျားတယ်၊ ဒါမှမဟုတ် အကဲဖြတ်တာကို အလွယ်လိုက်တယ်ဆိုရင်တော့ မှတ်ပုံတင်စာရင်းသွင်းတဲ့နေရာက တာဝန်ရှိပုဂ္ဂိုလ်ကို မိမိရဲ့ ကျင့်ကြံမှုအဆင့်ကို ပြသပေးရမှာဖြစ်တယ်။

သူနဲ့အနီးဆုံးက ဝန်ထမ်းဆီ ဖုန့်ရှိ လျောက်သွားလိုက်ပြီး ယဉ်ယဉ်ကျေးကျေး မေးလိုက်တယ်၊ "လူကြီးမင်းခင်မျ၊ ဒီနေရာက မှတ်ပုံတင်စာရင်းသွင်းရတဲ့နေရာလားဆိုတာ မေးလို့ရမလားခင်မျာ?"

အဲ့ဒီ့ဝန်ထမ်းက သူ့ခေါင်းကို မော့ပြီး ဖုန့်ရှီကို စူးစူးရဲရဲ ကြည့်လိုက်တဲ့အခါမှာ ဖုန့်ရှီ လုံးဝရှုပ်ထွေးတွေဝေသွားပြီး ပြောလက်စသူ့အသံတောင် ပျောက်ကွယ်သွားလုလု ဖြစ်သွားရတယ်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now