42. Too Great Pleasure Will Bring about Sadness

1.9K 339 7
                                    

အပိုင်း ၄၂။ အပျော်လွန်လွန်းရင် ငိုရတတ်တယ်

သူ့ခေါင်းဆောင်က ကံဆိုးမှုနတ်ဘုရားကို သူ့ကိုယ်ထဲ ထည့်တော့မယ်လို့ ဖုန့်ရှီ ထင်လိုက်တာကြောင့် စာအုပ်နတ်ဘုရားငို သူ့အရှေ့မှာ ဒိုင်းအဖြစ် ဆွဲကာလိုက်တယ်။

စောနတုန်းကမှ အန္တရာယ်ကနေ လွတ်လာတဲ့ သနားစရာ စာအုပ်နတ်ဘုရား အခုတော့ ပြန်ပေးဆပ်ရတော့မယ်။

ဒါပေမဲ့ စာအုပ်နတ်ဘုရားက အခု ဖုန့်ရှီရဲ့ ဒိုင်း အဖြစ် အလုပ်ခံလိုက်ရတာကို ကြောက်သွားဟန် မပေါ်။ သူက ဘုရင်ကြီးက ဖုန့်ရှီကို ကံဆိုးမှုနတ်ဘုရားရဲ့ သခင်အဖြစ် ရည်ရွယ်တယ်ဆိုတာ သဘောပေါက်ပြီး ဖြစ်တယ်။

အကယ်၍ တစ်စုံတစ်ယောက်က သူ့ရဲ့ ဝိညာဉ်အဆီအနှစ်ကို သုံးပြီး သူ့သခင်အနေနဲ့ စာချုပ်ချုပ်ဆိုမယ်ဆိုရင် အဲ့သူဟာ သူ့သခင်အဖြစ် ထာဝရ​ဖြစ်တည်သွားမှာ ဖြစ်တယ်။ တကယ်လို့ သူ ကတိသစ္စာ ဖောက်ဖျက်ရင် ကောင်းကင်လမ်းရဲ့ အပြစ်ပေးခြင်းကို ခံရမှာ ဖြစ်တယ်။ ကံဆိုးမှုနတ်ဘုရားလို စိတ်ဝိညာဉ်နတ်ဘုရားတောင် စာချုပ်ဖောက်ဖျက်ပြီဆိုတာနဲ့ ဒီလောကကြီးကနေ ပျောက်ကွယ်သွားရမှာ ဖြစ်တယ်။ အဲ့တာကြောင့် စာအုပ်နတ်ဘုရား အများကြီး မစိုးရိမ်ဘူး။

ဘယ်လိုပဲဖြစ်ဖြစ် သူ့နေ့ကောင်းရက်မြတ်လေးတွေကို နှုတ်ဆတ်အနမ်း ပေးရတော့မှာပဲလေ။

စာအုပ်နတ်ဘုရား အခု တကယ်ကို ငိုချင်နေပြီ။ ကံဆိုးမှုနတ်ဘုရားသာ ဖုန့်ရှီနဲ့ စာချုပ်ချုပ်ဆိုလိုက်မယ်ဆိုရင် ကံဆိုးမှုနတ်ဘုရားက ဖုန့်ရှီရဲ့ ကောင်းတဲ့ကံကို မဝါးမြိုနိုင် ဒါမှမဟုတ် မလွှမ်းမိုးနိုင်ပေမယ့် ဖုန့်ရှီနားက သူတွေ ဥပမာ စာအုပ်နတ်ဘုရား အပေါ်ကိုတော့ သေချာပေါက် လွှမ်းမိုးသက်ရောက်မှာ ဖြစ်တယ်။ စိတ်ဝိညာဉ်နတ်ဘုရားတစ်ပါးအနေနဲ့ စာအုပ်နတ်ဘုရားအပေါ်ကိုတော့ အနည်းငယ်မျှသာ လွှမ်းမိုးသက်ရောက်မှု ခံရမှာဖြစ်ပေမယ့် ကြီးမြတ်တဲ့နတ်ဘုရားဖြစ်တဲ့ သူ့အနေနဲ့ အဲ့မျှ ပမာဏကိုပင် ကြီးမားတဲ့ သက်ရောက်မှုလို့ ထင်မြင်တယ်!

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now