အပိုင်း ၁၄၅။ အနမ်းတန်ကြေး
ရေခဲချီလင်တစ်ယောက် နှစ်ပေါင်းကုဋေကုဋာ မရေတွက်နိုင်လောက်အောင် သက်ရှင်နေထိုင်ခဲ့တာဖြစ်ပေမဲ့ နာကျည်းရလွန်းလို့ စကားမပြောနိုင်ဖြစ်သွားရသလိုမျိုး ခံစားလိုက်ရတာကတော့ ပထမဆုံးအကြိမ်ပင်။
'မင်းမှာ ရွေးချယ်ပိုင်ခွင့်မရှိဘူး' လို့ စွမ်းအားကြီးတဲ့လူကြီးက ပြောလိုက်တာကို ကြားရတော့ ရေခဲချီလင်က လွန်လေပြီးသော အတိတ်တုန်းက သူ့ကိုယ်ကို သူ ပြန်မြင်ယောင်လိုက်ရသလို ခံစားလိုက်ရတော့သည်။ အဲ့အချိန်တုန်းက သူ တခြားသူတွေကို ဒီလိုပုံစံမျိုး တစ်ပုံစံတည်း ဆက်ဆံခဲ့ဖူးပုံရသည်၊ သူ ခိုးတာကို ခံလိုက်ရတဲ့သူတွေက နောက်ဆုံးမတော့ ခါးခါးသီးသီးပုံစံဖြစ်သွားခဲ့ကြ၏။
အခုတော့ ကံကြမ္မာပြောင်းပြန်လည်ပတ်ခဲ့ပြီ။ အရင်တုန်းက ရေခဲချီလင်က ကံဆိုတာကို လုံးဝမယုံကြည်ခဲ့၊ အခုတော့ မယုံလို့ မရတော့ဘူး!
'သူတို့က ငါ့ကို ဘယ်လိုလုပ်ပြီးတော့များ ဒီလိုတွန်းအားပေးနိုင်ရတာလဲ?'
ရေခဲချီလင်က ဘုရင်ကြီးရဲ့စကားကို နားလည်သဘောပေါက်သည်။ အခုထိ ဖြစ်ပျက်ခဲ့သမျှတို့ကို ပြန်ပြောင်းတွေးကြည့်ပြီးတဲ့နောက်မှာတော့ ဘုရင်ကြီးက အရမ်းကြီး သိသိသာသာကြီးကို ဒေါသထွက်နေခဲ့ပေမဲ့ သူ့ကို မသတ်ဘဲ မျိုးစေ့ပဲ ချလိုက်တယ်ဆိုတာက အကြောင်းပြချက်တစ်ခု ရှိကိုရှိရမယ်!
ရေခဲချီလင်က သူ့အပေါ် ဘုရင်ကြီး သတ်ဖြတ်ချင်စိတ် ချက်ချင်းဖြစ်သွားခဲ့တာကို ခံစားနိုင်မိခဲ့သည်။ ဒါပေမဲ့ သားရဲက ဘုရင်ကြီး ဘာလို့ နောက်ဆုံးတော့ သူ့အစီအစဉ်ကို ပြောင်းခဲ့လိုက်တာလဲဆိုတာ မသိခဲ့။
ရေခဲချီလင်က အတန်ကြာတွေးကြည့်လိုက်ပြီးနောက် သူ မယုံချင်တဲ့ကောက်ချက်တစ်ခု ထွက်လာတော့သည်။ အဲ့နောက်မှာတော့ နှစ်ပေါင်းကုဋေကုဋာ မရေမတွက်နိုင်လောက်အောင် လွတ်လပ်ခဲ့တဲ့ သူ့ရဲ့ဘဝလေး အဆုံးသတ်သွားတော့မယ်ဆိုတာကို သူသဘောပေါက်သွားရ၏။ အဲ့အလိုလိုသိစိတ်က ဘယ်ကမှန်းမသိ ထွက်လာတာဖြစ်ကာ လုံးဝ လက်မခံချင်ဆုံးအချက်လည်း ဖြစ်နေပြန်သည်။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantastikစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...