Please scroll down for Zawgyi.
အပိုင်း ၇၇။ မှတ်တမ်း
နောက်တစ်ရက် နေထွက်လာချိန်မှာတော့ တိမ်တွေက အရမ်းကို နှင်းဆီရောင် သန်းနေတယ်။
အစိမ်းရောင် ငရဲသား အသင်းမှာ လူတွေကြိတ်ကြိတ်တိုး စည်ကားနေကြတယ်။ ဒီတစ်ကြိမ် ကျင့်ကြံသူတွေအကြား စိန်ခေါ်တိုက်ပွဲက အရင်တုန်းကလိုပဲ အများပြည်သူကို ဖွင့်လှစ်ပေးထားတဲ့အတွက် လူတိုင်း လာကြည့်လို့ ရသည်ပင်။
တက်ရောက်လာသူတွေ အတော်ကို များပြားလှတယ်။ ဒီနှစ် ပထမစမ်းသပ်မှုမှာ ကျင့်ကြံသူ အယောက်ငါးရာ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တဲ့အတွက် ဒုတိယစမ်းသပ်စာမေးပွဲမှာ အရင်ကထက် ပိုပြီး တက်ရောက်သူဦးရေ များပြားကြီးမားနေတယ်။ အကျိုးဆက်အနေနဲ့ အသင်းက အချိန်ကို ငဲ့ညှာသောအားဖြင့် ပြိုင်ပွဲကွင်း နှစ်ခု ထပ်တိုးချဲ့လိုက်ရပြီး စုစုပေါင်း ပြိုင်ပွဲကွင်း ဆယ်ခု ဖြစ်သွားရတယ်။
အဲ့အပြင် တက်ရောက်သူ ဦးရေ များပြားလှတဲ့အတွက် အသင်းက ဒုတိယစမ်းသပ်စာမေးပွဲမှာ ဖြုတ်ထုတ်ပွဲတစ်ပွဲကိုပါ ထပ်တိုးလိုက်ရတယ်။
ဖြုတ်ထုတ်ပွဲရဲ့ စည်းမျဉ်းကတော့ ပြိုင်ပွဲကွင်းတစ်ခုမှာ တက်ရောက်သူ အယောက်ငါးဆယ်ဟာ အချင်းချင်း ယှဉ်ပြိုင်ကြရမှာဖြစ်ပြီး တက်ရောက်သူ အယောက်လေးဆယ် ဖြုတ်ထုတ်ပြီးသွားရင် ကျန် တက်ရောက်သူ ဆယ်ဦးက နောက်စမ်းသပ်စာမေးပွဲကို တက်ရောက်နိုင်မှာဖြစ်တယ်။
တက်ရောက်သူအချင်းချင်း အများစုက မသိကြတဲ့အတွက် အနည်းငယ်သော အသိအချင်းချင်းတွေဟာ ဘယ်လိုမှ ရှုပ်ထွေးအောင် လုပ်နိုင်ကြမှာမဟုတ်တဲ့အတွက် စမ်းသပ်စာမေးပွဲက အတော်အသင့် မျှတတယ်လို့ ဆိုရမည်ပင်။ အဲ့ အကြောင်းပြချက်ကြောင့် တချို့လူတွေ အဖွဲ့ဖွဲ့ပြီး အခြား တစ်ဦးချင်းကျင့်ကြံသူတွေအပေါ် အုပ်စုဖွဲ့ အနိုင်ကျင့်တာမျိုး စိုးရိမ်စရာမလိုတော့ပေ။
"ပြီးတော့၊ အသင်းက အဆင်မပြေတာတွေ မဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ အဲ့စည်းမျဉ်းကို ထုတ်ခဲ့တာဖြစ်တယ်။ စာအုပ်နတ်ဘုရားက ပြောလိုက်တယ်။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...