အပိုင်း ၁၃၅။ ငရဲမင်းကြီးရဲ့ သတိပေးချက်
အပြောင်းအလဲ မြန်ဆန်လွန်းလှတဲ့ဖြစ်ရပ်ကြောင့် သီနိုမိသားစုအနေနဲ့ ဘာရွေးရမလဲ မသိ ဖြစ်သွားရသည်။
မိုသောင်က ငတုံးငအ မဟုတ်တာကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး သီနိုမိသားစုက လျော့ပေးရုံသာတတ်နိုင်တော့မှန်း သိသည်။
"လူကြီးမင်းရဲ့ လိုအပ်ချက်တွေက ကျိုးကြောင်းမဆီလျော်ဘူးဖြစ်နေတယ်။ ကျွန်တော့တူက စတင်ပြီး ပျက်ရယ်ပြုလှောင်ပြောင်ခဲ့တာဆိုပေမဲ့ သူ့ကို ဖျက်ဆီးလိုက်တာက ဒီကလူကြီးမင်းတို့လေ၊ သူ့ရဲ့ ကျန်ရှိနေတဲ့ ဘဝတလျောက်လုံးကို မသန်မစွမ်းဖြစ်အောင်လို့ လုပ်ခဲ့ကြတယ်လေ။ နောက်ဆက်တွဲအနေနဲ့ ကျွန်တော့ရဲ့ ညီကိုလည်း ဆိုးဆိုးဝါးဝါး အနာတရဖြစ်အောင်လည်း လုပ်ခဲ့သေးတယ်။ အဲ့ဖြစ်ရပ်နှစ်ခု ထည့်ပေါင်းပြီး ကြည့်လိုက်မယ်ဆိုရင် ဘယ်လိုပဲကြည့်ကြည့် လူကြီးမင်းတို့ဘက်က လွန်ကျူးနေခဲ့တာပဲ။ ကျွန်တော်တို့မိသားစုအနေနဲ့ တောင်းပန်စရာ ဘာမှမရှိဘူး!" စကားပြောနေလျက်မှာပဲ မိုသောင်ရဲ့ အမူအယာက နက်မှောင်လာရကာ ဒေါသကို ချုပ်ထိန်းဖိနှိပ်ထားနေရ၏။
"လူဝံကြီး၊ ခင်များ ထပ်မှားပြန်ပြီ။" ဖုန့်ရှီက သူ့ခေါင်းကို ခါလိုက်ပြီး ခပ်ကျယ်ကျယ် ပြောလိုက်သည်။
"ငါပြောတာ ဘယ်နေရာ မှားသလဲ" မိုသောင်က သူ့အကြည့်ကို ဖုန့်ရှီထံ ပို့လိုက်ကာ အလွန်အမင်း ဒေါသထွက်နေရတာကြောင့် နှုတ်ခမ်းမွှေးတို့တောင် ထောင်တက်လုမတတ်ပင်။
ဖုန့်ရှီက ပြောလိုက်သည်၊ "ခင်များညီရဲ့ ထိခိုက်ဒဏ်ရာတွေက အသေချာဆုံးကတော့ ငါတို့အပြစ်မဟုတ်ဘူး။ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာကို မဆုံးဖြတ်ရသေးပဲ ငါတို့ကိုသာ လာမရှာခဲ့ဘူးဆိုရင်၊ အမှန်တရားကို မစဉ်းစားဘဲ ငါတို့ကို သူ့ဓါးနဲ့ တိုက်ခိုက်မှုမလုပ်ခဲ့ဘူးဆိုရင် သူ အနာတရ ဖြစ်မှာမဟုတ်ဘူး။ အဲ့တာကြောင့် ငါတို့ သူ့ကို ထိခိုက်ဒဏ်ရာ ရအောင်လုပ်ခဲ့တယ်လို့ မပြောနဲ့။ ကိုယ့်ကိုယ်ကို ကာကွယ်မှုဆိုတာက ဘာလဲဆိုတာ သိလား? သူက စတိုက်တာကြောင့် ငါတို့က သူ့ကို အနာတရဖြစ်အောင် လုပ်လိုက်ရတာ။ အဲ့တာ အရမ်း သမာရိုးကျဖြစ်ပြီး ရလဒ်ကတော့ ခင်များ သိပါတယ်။"
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...