Please scroll down for Zawgyi
အပိုင်း ၆၆။ သွေးကြောချဲ့ခြင်း
နူးညံ့နေတဲ့အသားကို ကြွက်သားလို့ခေါ်နိုင်ပါ့မလား? ဘယ်ခေါ်နိုင်ပါ့မလဲ။
ဖုန့်ရှီက အရူးမဟုတ်တဲ့အတွက် ဘုရင်ကြီး ဘာကိုဆိုလိုတယ်ဆိုတာ သူ နားလည်လိုက်တယ်။ သူ့မှာ နူးညံ့ပျော့ပြောင်းတဲ့ အသားအရည်ရှိတာကို သူသိပေမဲ့ ဘုရင်ကြီးရဲ့စကားတွေကို ကြားလိုက်ရတော့ နည်းနည်းလေးတော့ စိတ်ပျက်သွားတယ်။ အဲ့နောက် သူကပြောလိုက်တယ်၊ "ခေါင်းဆောင်၊ ကျွန်တော် ကြွက်သားတွေ တက်လာအောင် ဘယ်လိုလုပ်ရမလဲ?"
ငရဲမင်းကြီးက မျက်မှောင် အနည်းငယ် ကြုတ်လိုက်တယ်။
ဖုန့်ရှီရဲ့ ကိုယ်ခန္ဓာက ကာရံလက်သီးကိုးချက် တိုက်ကွက်ရဲ့ ပေါက်ကွဲတွန်းအားကို ခံနိုင်ရည် ရှိနေစေချင်ပေမဲ့လည်း ဒီကောင်လေး ဗလတောင့်တောင့် ကြွက်သားတွေနဲ့ ဖြစ်လာမှာကိုတော့ သူ မလိုလားဘူး။ ဒါပေမဲ့ ဖုန့်ရှီက ကာရံလက်သီးကိုးချက်ကို တကယ်စိတ်ဝင်စားနေတာမြင်ရတော့ သူကပြောလိုက်တယ်၊ "လူ့ကိုယ်ခန္ဓာက သွေးကြောတွေက အရမ်းသေးတယ်၊ ကာရံလက်သီးကိုးချက်တိုက်ကွက်ရဲ့ ပေါက်ကွဲတွန်းအားကို မခံနိုင်ဘူး။ ဒီပညာရပ်ရဲ့ အခြေခံက မင်းခန္ဓာကိုယ်ရဲ့ စိတ်ဝိညာဉ်စွမ်းအားကို ကြမ်းတမ်းတဲ့စွမ်းအင်အဖြစ် ပြောင်းရမှာဖြစ်ပြီး ထိုးချက်တစ်ချက်ချင်းစီကနေ အဲ့ကြမ်းတမ်းတဲ့စွမ်းအင်တွေ ထုတ်လွှတ်ရမှာဖြစ်တယ်။ ကြမ်းတမ်းတဲ့စွမ်းအင်က အရမ်းအားကောင်းတာကြောင့် သေးလွန်းတဲ့သွေးကြောတွေကို ပျက်စီးစေလိမ့်မယ်။"
"ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာက မင်းခန္ဓာကိုယ်ရဲ့ ခံနိုင်စွမ်းကို တိုးစေတယ်။ အဲ့နည်းနဲ့ မင်းရဲ့ ပျက်စီးသွားမယ့်သွေးကြောတွေကို မြန်မြန်ပြန်ကောင်းလာစေနိုင်တယ်။ ဒါပေမဲ့ အဲ့တာက တစ်ခုတည်းသောနည်းလမ်းတော့ မဟုတ်ပါဘူး။ လေ့ကျင့်ခန်းလုပ်တာထက် ပိုခက်တဲ့ နောက်နည်းလမ်းတစ်ခု ရှိတယ်။"
"ခေါင်းဆောင်၊ အဲ့တာက ကျွန်တော့သွေးကြောတွေကို တစ်ခုခုလုပ်ရမှာမဟုတ်လား?" ဖုန့်ရှီက မျက်လုံးပြူးကျယ်ကျယ်လေးနဲ့ မေးလိုက်တယ်။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...