အပိုင်း ၂၁။ အန္တရာယ်အခိုက်အတန့်
သုန်းဖန်းလင်အာကို ဖားချင်တဲ့ ယန်းမင်းက သူ့လက်အောက်ငယ်သားတွေကို ကောင်လေးကို ဝိုင်းဖို့ အမိန့်ပေးလိုက်တယ်။
သူတို့ အဆင့်ခုနှစ်ရှိတဲ့ မိစ္ဆာသားရဲကို မတိုက်ခိုက်နိုင်ပေမဲ့ သုန်းဖန်းလင်အာရဲ့ ကိုယ်ရံတော်တွေက သူတို့ကို မိစ္ဆာသားရဲ ကူတိုက်ပေးနိုင်တယ်။ ပိုသာတာက သုန်းဖန်းလင်အာရဲ့ ထောက်ပံ့မှုနဲ့ ဒီကောင်လေးကို အပြစ်ပြုမိမှာမျိုး သူတို့ ဂရုစိုက်စရာ မလိုပေ။ အဆုံးမတော့ ဒီကောင်လေးက သူ့လူမျိုးစုထဲမှာ ဘယ်လိုပဲ အရေးပါပါ သုန်းဖန်းလင်အာနဲ့ ယှဉ်ရင်တော့ အဆင့်နိမ့်နေဆဲပဲ ဖြစ်တယ်။
ကောင်လေးက ဒီလူတွေ သူ့ကို ဆက်ပြီး တိုက်ချင်နေသေးမှန်း လုံးဝ သတိမပြုမိပေ။
'ဒီလူတွေ ဘယ်လိုလုပ်များ ဒီလောက်မျက်နှာပြောင်တိုက်နိုင်ရတာလဲ! ငါတောင် ငါခိုးခဲ့တဲ့ပစ္စည်း ငါ့ဟာလို့ တခါမှ အရေးမဆိုခဲ့ဖူးဘူး!'
သိသာထင်ရှားစွာပဲ ကောင်လေးက ဒီလူတွေရဲ့ ကိုယ်ကျင့်တရားအပေါ် အထင်ကြီးလွန်နေခဲ့တယ်! ဒီလူတွေက လမ်းမပေါ်မှာတောင် သူ့ဆီကနေ လုယက်ချင်နေခဲ့ကြတာပဲ! တကယ့်ကိုပဲ တောပုန်းဓါးပြတွေလိုမျိုးပဲ!
သူခိုးမာစတာတစ်ယောက်အနေနဲ့ ကောင်လေးက သူ့ကိုယ်သူ တော်တော်ရှုံးနိမ့်တာပဲဆိုတာ တွေ့ရှိသွားတယ်။ သူတို့ဆီကနေ သူ ဘာမှ မခိုးခဲ့ဖူးဘူးလေ၊ သူတို့က သူ့ဆီကနေ လုယက်ဖို့ စနေကြပြီ၊ ပြောင်ပြောင်တင်းတင်း နည်းလမ်းနဲ့လေ!
မြင့်မြတ်တဲ့ ငရဲသားတွေ ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်က သူတို့ ရက်ရက်စက်စက် ပြုမူနိုင်ပြီး သူတို့လိုချင်တာ မှန်သမျှ ဘာမဆို ဓါးပြတိုက်နိုင်တာလား?
ကောင်လေးက အဲ့လိုအတွေးမျိုး မတွေးဘဲနဲ့ မနေနိုင်တော့ပေ။
သူ့ အရင်ဘဝတုန်းက ကောင်းကင်ဇာမဏီ နိုင်ငံတော်ဟာ ပြည့်စုံကြွယ်ဝပြီး လူတွေဟာလည်း ငြိမ်းချမ်းကြတယ်။ လမ်းပေါ် ဓါးပြအတိုက် ခံရတာမျိုး၊ လုယက်ခံရတာမျိုး တခါမှ မဖြစ်ခဲ့ဖူးဘူး။ အနည်းဆုံးတော့ ကောင်လေးက သူ့ဘဝသက်တမ်း တလျောက်လုံး လုယက်မှုနဲ့ မကြုံတွေ့ခဲ့ဖူးဘူး။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...