အပိုင်း ၁၈။ သုန်းဖန်း လင်အာ
MM T/N: ဒီအပိုင်းကနေ အပိုင်း ၇၇ အထိ စာအရေးအသားတွေ ပြန်မပြင်ရသေးတာမို့ သည်းခံပြီး ဖတ်ပေးကြပါနော်၊
တော်ဝင်ငရဲသား? ကောင်လေးက စက္ကန့်အနည်းငယ်မျှ မှင်တက်သွားတယ်။
လူမျိုးတစ်မျိုးနဲ့တစ်မျိုး ခြားနားချက်ကို သူမသိ။ အဲ့လူတွေရဲ့ဆံပင်အရောင်က ကွဲပြားနေတယ်ဆိုတာ သူမြင်ပေမဲ့ အဲ့တာ ဘာ့ကြောင့်ဆိုတာ သူလုံးဝမတွေးမိ။ အဲ့လူတွေက ထူးဆန်းတဲ့ မျိုးရိုးဗီဇ ရှိလို့ဖြစ်မယ်လို့ပဲ သူထင်လိုက်တာ။ အဲ့လူနှစ်ယောက်ရဲ့စကား ကြားပြီးနောက် နောက်ဆုံးတော့ မိစ္ဆာသားရဲ အရောင်းဆိုင်ထဲကသူတွေအားလုံးမှာ ငွေရောင်ဆံပင်ရှိကြတယ်ဆိုတာ ကောင်လေးတွေ့သွားတယ်။ ဒါ့အပြင် သူတို့မျက်နှာပေါ်က အကြည့်တွေ့ကလည်း တစ်ကမ္ဘာလုံးကလူတွေအားလုံးက သူတို့အပေါ် တစ်ကျပ်တစ်ပြား ကြွေးတင်နေတဲ့အလား အတော်မောက်မာကြတယ်။
ကောင်လေးက အဲ့သူတွေကိုကြည့်လိုက်ရင်း အလွန် မသက်မသာခံစားလိုက်ရတယ်။ အဲ့တာကြောင့် သူတို့က သူ့ကိုတောင်းပန်ခိုင်းတဲ့အခါ ချက်ချင်း ဒေါသထွက်သွားပြီး သူ့ရဲ့မာနကို ပြလိုက်တယ်။
"မင်းတို့တော်ဝင်ငရဲသားတွေကို ဘာတစ်ခုမှ မလုပ်ပေးနိုင်ဘူး။ မင်းတို့ဖက်ကသာ အရင် အမှားလုပ်ခဲ့တာပဲ။ မင်းတို့နှစ်ယောက် ငါ့ကို တောင်းပန်ဖို့မပြောတာကိုဘဲ ငါ အတော် သဘောထားကြီးရာ ရောက်နေပြီ။ မင်းတို့ကများ ငါ့ကို ဘယ်လိုဖြစ်လို့ တောင်းပန်ဖို့ပြောရဲရတာလဲ? မဖြစ်နိုင်လိုက်တာ။ ဖူး!" ကောင်လေးရဲ့ ရဲရဲတောက်စကားတို့က သူ့အရှေ့ကလူနှစ်ယောက်ကို တကယ့်ကိုဒေါသထွက်စေတယ်။
"မင်း... မင်း...." ကလေးက ဒေါသထွက်ရလွန်းလို့ တုန်ရီသွားတယ်။
"မင်း ဘာပြောဖို့ကြိုးစားနေတာလဲ? ရုပ်ဆိုးတဲ့ အ-ထစ်ကောင်!" ကောင်လေးက မိစ္ဆာသားရဲဥကို ရောင်းဖို့ လုံးဝစိတ်မပါတော့ဘူး။ အဲ့စကားလုံးတွေနဲ့ ပြန်ပက်ပြီးနောက် ချက်ချင်းပဲ ပြန်ထွက်ဖို့လုပ်လိုက်တယ်။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...