153. Twist for Real

1.4K 233 6
                                    

အပိုင်း ၁၅၃။ တကယ်ကြီး လိမ်(လည်)သွားတာ

စာအုပ်နတ်ဘုရား ရှက်သွားကာ လျောခနဲချက်ချင်း ထွက်သွား၏။ သူ ထပ်ပြီး အရိုက်မခံနိုင်တော့ဘူး။

"မင်းတို့ကောင်တွေ အခုလေးတင် ရောက်ကြတာလား?" ဖုန့်ရှီက ထွက်မပြေးနိုင်လိုက်တဲ့ ကံဆိုးမှုနတ်ဘုရားကို တို့လိုက်ကာ မေးလိုက်သည့်အတွက် ကံဆိုးမှုနတ်ဘုရားခမျာ တကွိကွိသာ ဆက်တိုက်အော်နေနိုင်ရှာတော့သည်။ ဒါပေမဲ့ ကံဆိုးမှုနတ်ဘုရာက သူ့ခေါင်းဆောင်က ရပ်မည့်အရိပ်အယောင်ကို မမြင်တဲ့အခါမှာတော့ မြေကြီးပေါ် ဆန့်ဆန့်ကြီး လှဲလိုက်တော့ကာ အသေကောင်တစ်ကောင်လိုသာ ဟန်ဆောင်နိုင်တော့သည်။

"ကျွန်တော်တို့တွေ တစ်အုပ်လုံးရောက်နေကြပြီ၊ ဆူးလားမိသားစုအချို့က သူတို့နယ်မြေမှာမရှိသေးတဲ့အတွက် သူတို့ကို တစ်ယောက်ယောက်က အရင်ဆုံး သွားအကြောင်းကြားဖို့လိုတယ်။ ကာလွမ်သလာရဲ့အဖေက သူတို့နယ်မြေမှာ ချန်နေခဲ့ပြီး သူ့အစ်ကိုနဲ့အဖွဲ့တစ်ဖွဲ့က ကျွန်တော်တို့နဲ့အတူ ပါလာတယ်။ ခရီးတစ်ထောက် တစ်ရက်နဲ့ ကျွန်တော်တို့ အမြန်တက်သုတ်နှင်လာခဲ့တာ၊ လူတိုင်း ပင်ပန်းနေကြပြီ။ အခု သူတို့အားလုံး အပေါ်ထပ်မှာ နားနေကြတယ်။"

စာအုပ်နတ်ဘုရားက ထက်မြက်သူတစ်ယောက်ဖြစ်ပြီး ကံဆိုးမှုစက်ဝိုင်းထဲကနေ ထွက်လိုက်နိုင်ခဲ့သည်၊ အဲ့လိုမှမဟုတ်ရင် ဖုန့်ရှီအပုတ်ခံနေရသူက သူဖြစ်နေမှာဖြစ်သည်။ ဖုန့်ရှီရဲ့မေးခွန်းကိုသူကြားတော့ သူက အမွှေးမဲ့ကြက်ဆီရောက်နေပြီဖြစ်ကာ ကောင်လေးကို လှည့်မကြည့်ဘဲ အကျဉ်းချုံးဖြေလိုက်ခြင်းဖြစ်၏။

"ငါ ငါ့အစ်ကိုကြီးကို သွားရှာလိုက်ဦးမယ်။" ကာလွမ်သလာက ထွက်လျှောက်သွားပြီး ပြောလိုက်သည်။ အဲ့နောက် သူ အပေါ်ထပ်သို့ တက်သွားလိုက်၏။

"သွား!" ဖုန့်ရှီက သူ့လက်ထဲ မုန့်နှစ်တစ်ခုလိုဖြစ်နေရှာတဲ့ ကံဆိုးမှုနတ်ဘုရားကို ဆက်ပုတ်နေ တို့နေရင်း ကာလွမ်သလာကို လက်ဝှေ့ယမ်ပြလိုက်သည်။ ဖုန့်ရှီက ကံဆိုးမှုနတ်ဘုရားကို မကြောက်မရွံ့နဲ့ တို့ရဲတဲ့ တစ်ယောက်တည်းသောသူပင်။ အခြားသူတွေက ကံဆိုးမှုတွေ အကပ်ခံရမှာကြောက်တဲ့အတွက် ကံဆိုးမှုနတ်ဘုရားနဲ့ဝေးဝေးနေချင်နေကြ၏။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now