92. Owing a Debt of Gratitude

1.6K 275 9
                                    

Please scroll down for Zawgyi.

အပိုင်း ၉၂။ ကျေးဇူးကြွေးတင်ခြင်း

အဲ့တာက လူတိုင်း မမျှော်လင့်ထားမိတဲ့အရာပင်။

အဲ့တာ အရမ်းကို မြန်ဆန်စွာ ဖြစ်သွားခဲ့တာပဲမို့ပင်၊ အဲ့ဒီ့ ဖျက်လိုဖျက်ဆီး ဟစ်အော်လိုက်သူက လူတိုငး အတွေးများနေကြချိန်မှာပဲ ဖုန့်ရှီဆီ ပြေးဝင်လာပြီး ဖြစ်နေ၏။ အဲ့နောက် အဲ့လူက အဆိပ်ပြင်း မြွေနက်လို လှံရှည်ကို ဖုန့်ရှီဆီ ပစ်လိုက်သည်။ အဲ့အချိန်မှာပဲ တဖက်လူက Carendra နဲ့ အပြင်းအထန် တိုက်နေတာဖြစ်တဲ့အတွက် သူ့ကိုယ်သူကာကွယ်ဖို့ လုံဝ အချိန်မရှိလိုက်ချေ။

"မင်းဟေးယွီ၊ မင်း ဘယ်လိုတောင် ရဲတင်းတာလဲ!"

နန်းကုန်းလီရဲ့ ဒေါသတကြီးအသံက ရုတ်တရက် ထွက်လာပြီး အတော်ကို ခြိမ်းခြောက်လိုက်သံပေါက်နေ၏။ ဒါပေမဲ့ သူက ကွင်းနဲ့ အတော်လှမ်းနေတဲ့အတွက် သူအဲ့ကို အပြေးသွားဖို့က အတော်နောက်ကျနေပြီပင်။

ဒါပေမဲ့ မင်းဟေးယွီက သူ့အသံကို လုံးဝ မကြားလိုက်ပုံပင်။ သူ့မျက်လုံးထဲမှာ လက်စားချေလိုက်စိတ်ပြင်းပြနေမှုရယ်​၊ သွေးဆာနေတာရယ်ပဲ ရှိတော့သည်။ သူ့ရဲ့ အဆိပ်သုံးထားပုံပေါ်တဲ့ လှံရှည်က လူတိုင်းရဲ့ အကြည့်အောက်မှာပဲ ဖုန့်ရှီကနေ တစ်မီတာအကွာ ရောက်နေပြီပင်။

အဲ့ဒီ့အရေးပေါ်အခြေအနေမှာ ဖုန့်ရှီနောက်ကျောကနေ အလင်းလိုမျိုး အနက်ရောင်ပုံသဏ္ဍာန်တစ်ခုက ရုတ်တရက် ပေါ်ထွက်လာ၏။ အေးစက်တဲ့ သူ့မျက်နှာပေါ်မှာ သွေးဆာနေတဲ့ဟန် ပေါ်နေပြီး အနီနက်ရောင် စိတ်ဝိညာဉ်စွမ်းအင်တွေက စပြီး ပြင်းပြင်းထန်ထန် လှုပ်ရှားလာတော့သည်။ အဲ့နောက်မှာတော့ သူ့ရဲ့ ရက်စက်တဲံအသံက မင်းဟေးယွီနဲ့ ဖုန့်ရှီရဲ့ နားထဲကို ဝင်လာ၏၊ "သွေးပေါက်ကွဲ! သွေးသတ်ဖြတ်!"

ရွေ့လျားနေတဲ့ အနီရောင်တိမ်တိုက်က အကြောက်တရားတွေ ပြည့်နှက်နေတဲ့ မင်းဟေးယွီဆီ တဟုန်ထိုး သွားကာ သူ့ကို ချက်ချင်း ပိတ်ဆို့တားဆီးလိုက်သည်။ အနီနက်ရောင်အလင်းက ခြိမ်းခြော်ကတဲ့အရှိန်အဝါတွေ ထုတ်လွှတ်နေပြီး လေထုက အရမ်းကို တင်းကျပ်တောင့်တင်းသွား၏။ အနီရောင်အလင်းကို တချက်ကြည့်တာနဲ့ စိတ်ဓါတ်ကျစေတဲ့ ခံစားချက်ကို ပေးစွမ်းနေသည်ပင်။ မင်းဟေးယွီအတွက်ဆို ပိုဆိုးသေး၊ သူက အလင်းထဲ ပိတ်မိနေပြီး သေပန်းပွင့်တော့မယ်ံအနံ့ကိုတောင် လူတိုင်း ရနေကြပြီဖြစ်သည်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now