အပိုင်း ၁၇၀။ အသုံးချခံရခြင်း
ရုပ်သေးစေ့က စိတ်ဝိညာဉ်စွမ်းအားကို မစုပ်ယူဘဲနှင့် မကြီးထွားနိုင်။ မျိုးစေ့ရင့်လာသည်နှင့်တစ်ပြိုင်နက် လက်ခံသူ (host) ခန္ဓာကိုယ်၏ စိတ်ဝိညာဉ်စွမ်းအားတို့ ယုတ်လျော့သွားမည်ဖြစ်သည်။
စိတ်ဝိညာဉ်စွမ်းအား မရှိဘဲနှင့် လက်ခံသူက ရုပ်သေးစေ့အတွက် ရုပ်သေရုပ်တစ်ရုပ်သာ ဖြစ်လာမှာဖြစ်သည်။ ရုပ်သေးတွင် စိတ်ဝိညာဉ်စွမ်းအား မရှိသော်လည်းသန်မာသည့်ကိုယ်ခန္ဓာနှင့် သဘာဝစွမ်းအင် ရှိသည်။
ဥပမာ၊ ဂူဟိုင့်ကျင့်ကြံဆင့်က အနိမ့်စားကောင်းကင်ဘုံနတ်ဘုရား ကြယ်တစ်ပွင့်အဆင့်ဖြစ်သည့်အတွက် သူက ငရဲမင်းကြီး၏ ရုပ်သေးဖြစ်လာသည့်အခါတွင် သူ့ကိုယ်ခန္ဓာကလည်း အနိမ့်စား ကောင်းကင်ဘုံနတ်ဘုရားကြယ်တစ်ပွင့်အဆင့်နှင့် ညီမျှသည့်ခွန်အား ရှိမှာဖြစ်သည့်အပြင် သူက ဘာကိုမှ ထိတွေ့ခံစားမှု မရှိနိုင်သည့်အတွက် သူ့ကိုယ်ခန္ဓာကို ဘယ်လိုပဲ တိုက်ခိုက်ခံရသည်ဖြစ်စေ ဘာနာကျင်မှုမှ ခံရမည်မဟုတ်။ သူက ပုံမှန်အတိုင်းပဲ ဖြစ်နေမည်ဖြစ်ကာ အနီးကပ်ကြည့်တော့မှသာ သူ့မျက်လုံးတို့က ဦးတည်ချက်မရှိ ကြောင်တောင်တောင် ဖြစ်နေတာကို တွေ့နိုင်မှာဖြစ်သည်။
မိုးသောက်လာတော့ ဂူဟိုင်က ရုပ်သေးတစ်ရုပ်ဖြစ်လာတော့သည်။ ငရဲမင်းကြီးက ဘာအမိန့်ပဲ သူ့ကိုပေးပေး သူ မနာခံဘဲ နေမည်မဟုတ်။ အမိန့်က ရှန်းမားမိသားစုကို ထိခိုက်စေမည်ဆိုလျင်တောင် သူ ဘာပဲဖြစ်ဖြစ် လုပ်မှာပဲဖြစ်သည်။
ကျောက်စိမ်းပြာမိသားစုက ဂူဟိုင် ပြင်းပြင်ထန်ထန် ဒဏ်ရာရထားသည်ကိုသာ သိကြသည့်အတွက် သူတို့က ဒီပြိုင်ပွဲအပေါ် အတော်လေး ယုံကြည်မှုရှိနေကြသည်။
ပြိုင်ပွဲမပြီးခင်အထိ ဂူဟိုင်၏ မူမမှန်အပြုအမူတို့ကို ဘယ်သူမှ သတိမပြုမိကြပေမဲ့ အချို့ကတော့ ဇဝေဇဝါဖြစ်နေကြသည်။ ကျိုးကြောင့်သင့်ဆိုရလျင် ပြိုင်ပွဲတွင် ရှုံးသွားသည့်အတွက် ဂူဟိုင် အတော် ဒေါသထွက်သွားသင့်သည်ဆိုပေမဲ့ သူ လုံးလုံးကြီးကို ဒေါသထွက်မနေချေ။ သူ့ရဲ့ တောင့်တင့်နေတဲ့အမူအယာတို့က မရယ်မပြုံးမျက်နှာနှင့်အတူ တစ်စုံတစ်ရာကြောင့် တည်တင်းနေဟန်ရှိနေသည်။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...