အပိုင်း ၁၄၃။ သူ့ကို နမ်းမိသွားတယ်
မေးစေ့ကို ခပ်မြင့်မြင့် မော့လိုက်ရင်း ဆိုဖိုရာက သူ့ရဲ့ အလွန်ချောမောသော မျက်နှာကို လူတိုင်းမြင်သာအောင် ပြလိုက်သည်။
သူ့ရဲ့ အမှောင်စွမ်းအင်တို့က သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားကာ သူ့မျက်နှာက မာနနှင့် ယုံကြည်မှုတို့ဖြင့် ပြည့်လို့နေသည်။ သူက ငရဲမင်းကြီးကို ထီမထင်တဲ့မျက်လုံးတို့ဖြင့် ကြည့်လိုက်၏။
ငရဲမင်းကြီးက ဆိုဖိုရာကို အလေးဂရုမထားသည် မျက်လုံးအစုံဖြင့် ခပ်ပေါ့ပေါ့ တစ်ချက်ကြည့်လိုက်သည်။ ဆိုဖိုရာ၏ အစွမ်းက အရင်ကထက် ပိုသန်မာလာပေမဲ့ သူ့မျက်လုံးထဲမှာတေ့ အရင်နဲ့ယှဉ်လိုက်ရင် သိပ်ကြီး ကွာမနေချေ။ အကျင့်ပျက်နတ်ဘုရားလျိုမြောင်ကနေ လွတ်လာဖို့ဆိုတာက ကြီးကြီးမားမား အရည်အချင်းတို့ ရှိဖို့ လိုအပ်တယ်ဆိုပေမဲ့ အကျင့်ပျက်နတ်ဘုရားလျိုမြောင်က အဲ့လောက်ကြီးတော့ ထူးခြားမနေပါဘူး။
ဆိုဖိုရာက လှောင်အိမ်တစ်ခုထဲကနေ လွတ်မြောက်လာရုံသာပါပဲ။
"ဟမ့်! ငါက အရင်ကနဲ့မတူတော့ဘူး။ မင်း ငါ့ကို အထင်သေး လျော့တွက်ရင် တန်ဖိုးကြီးကြီးပေးဆပ်လိမ့်မယ်။"
ဆိုဖိုရာက ငရဲမင်းကြီးရဲ့ အာရုံမထားတဲ့အမူအယာကို ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထက်က ယုံကြည်ချက်ရှိရှိအပြုံးတစ်ခုကို ရုတ်တရက် ထိန်းချုပ်လိုက်သည်။ သူအမုန်းဆုံးက ငရဲမင်းကြီးရဲ့ အဲ့ဒီ့ ဘာကိုမှ အလေးမစိုက်ဟန်၊ အားလုံးထက်မြင့်မြတ်နေဟန် သဘောထားပင်။ သူ့မျက်စိထဲမှာ လူတိုင်းက ပိုးမွှားလေးတွေလိုလို။ လွန်ခဲ့တဲ့ နှစ်တစ်သောင်းတုန်းကလည်း ဒီလိုပဲ၊ ခုထိလည်း ဒီလိုဖြစ်နေဆဲပင်။
ငရဲမင်းကြီးက သူ့ကိုကြည့်ကာ တည်ငြိမ်စွာပြောလိုက်သည်၊ "ဆိုဖိုရာ၊ လွန်ခဲ့တဲ့နှစ်တစ်သောင်းတုန်းက မင်းက ငါကိုယ်တော်ရဲ့ပြိုင်ဘက် ဖြစ်ဖို့ မထိုက်တန်ခဲ့ဘူး၊ အခု နှစ်တစ်သောင်း ကြာပြီးသွားတာတောင်မှလည်း ငါကိုယ်တော်ရဲ့ပြိုင်ဖက်ဖြစ်ဖို့ မထိုက်တန်နေဆဲပဲ။"
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...