အပိုင်း ၁၂၅။ လမ်းကြောင်းများ
အဲကောက်ချက်တစ်ကြောင်းကြောင့် သူတို့သုံးယောက်လုံး ကြောင်နေကြတဲ့အချိန်မှာပဲ သလင်းကြွက်ရဲ့ တုန့်ပြန်မှုကို သူတို့ တွေ့လိုက်ရ၏...
ကြည့်ရတာ သူတို့တွေ တကယ်ပဲ သတ္တုရိုင်းကြောတစ်ကြောကို ရှာတွေ့သွားတဲ့ပုံ...
ကာလွမ်သလာက အစတုန်းကတော့ ငရဲမင်းကြီးက ဟော့လင်းလုံကို တမင် ပြန်လွှတ်လိုက်တယ်လို့ ထင်ခဲ့တာဖြစ်သည်။ တကယ်တမ်းတော့ ဟော့လင်းလုံရဲ့ ဖုန့်ရှီအပေါ် ထားတဲ့ သဘောထားက နည်းနည်းလေး မသင့်တော်နေသလိုမျိုး သူလည်း ခံစားမိသည်။ ခရီးတလျောက်လုံး သူမလုပ်တာဆိုလို့ ဖုန့်ရှီကို ပျက်ရယ်ပြုနေခဲ့တာဖြစ်ပြီး ကာလွမ်သလာကတော့ အဲ့အချိန်မှာဆို မျက်မှောင်မကြုတ်ဘဲ မနေနိုင်ခဲ့ပေ။ သူမက အစေခံအမှုထမ်းတစ်ယောက်ပဲဆိုပေမဲ့ သူမရဲ့စကားတွေနဲ့အပြုအမူတွေက သူမရဲ့သခင်အပေါ် တလေးတစား ရှိမနေ။ ဟော့လင်းလုံက အမြဲ မထိန်းချုပ်ထားတတ်တဲ့သူမျိုးဖြစ်ကောင်းဖြစ်နိုင်ပေမဲ့လည်း သူမရဲ့စကားတွေကတော့ အတော်လွန်နေဆဲပဲဖြစ်သည်!
ငရဲမင်းကြီးက တစ်ခွန်းမှ ဝင်မပြောခဲ့တဲ့အတွက် ဟော့လင်းလုံရဲ့စကားတွေက တဖြည်းဖြည်း ပိုလို့ပိုလို့ ဆိုးဝါးကြမ်းတမ်းလာတာဖြစ်သည်...
ဖုန့်ရှီအနေနဲ့ ဘာမှ မခံစားရပဲ အဲ့တာက ဟော့လင်းလုံရဲ့ ပင်ကိုယ်ကိုယ်ရည်ကိုယ်သွေးပဲလို့ တွေးထင်ထားခဲ့ပေမဲ့ ကာလွမ်သလာကတော့ ငတုံးမဟုတ်၊ ဟော့လင်းလုံကို ရှင်းရှင်းလင်းလင်း မြင်နိုင်နေသည်က ဟော့လင်းလုံက....ဖုန့်ရှီကို လုံးဝ လက်မခံကြောင်းပင်!
ဒါပေမဲ့ ဟော့လင်းလုံက တော်တော်ကြာတဲ့အထိအထိန်းအကွပ်မဲ့ ပြုမူနိုင်မှာမဟုတ်နိုင်လောက်တော့တာကြောင့် သူ့အနေနဲ့ ငရဲမင်းကြီးလုပ်ခဲ့တဲ့လုပ်ရပ်ကို လေးစားသွားရသည်။ ငရဲမင်းကြီးက ဟော့လင်းလုံကို တချိန်လုံး လွှတ်ထားပေးပုံပေါ်နေစဉ်တစ်လျောက်လုံးမှာ ကာလွမ်သလာက ဘုရင်ကြီးရဲ့ ရည်ရွယ်ရင်းအစစ်အမှန်ကို တိတ်တဆိတ် မှန်းဆနေခဲ့သည်။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...