အပိုင်း ၉၆။ ဆင့်ခေါ်ခြင်း
ဘုရင်ကြီးက Carendra ဆိုတဲ့ နာမည်နဲ့ မရင်းနှီးတဲ့အပြင် တဖက်လူအကြောင်း ကြားတောင်မကြားဖူးခဲ့ပေ။
ငရဲပြည်ရဲ့ မိသားစုကြီး သုံးခုထဲက တစ်ခုအနေနဲ့ ဆူးလားမိသားစုဟာ အလွန်မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်ခဲ့တာဖြစ်ပေမဲ့ သူတို့မိသားစုထဲမှာတော့ တကယ် စွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေ အတော် နည်းသည်။ ခုချိန်ထိ အဲ့ဒီ့မှာ နတ်ဘုရားဥသျှောင်နယ်ပယ်ရောက်နေတဲ့ ကျွမ်းကျင်ပညာရှင် တစ်ဦးတစ်လေတောင်မှ မရှိပေ။ အဲ့လိုပြောလို့ သူတို့က ကျင့်ကြံမှုမှာ အရည်အချင်းမရှိဘူးလို့ ဆိုလိုတာမဟုတ်။ အရေးအကြီးဆုံး အကြောင်းအချက်က သူတို့က သူတို့ရဲ့ မျိုးနွယ်စဉ်ဆက်ရဲ့ ကန့်သတ်ခြင်းကို ခံနေခဲ့ကြရတာပဲဖြစ်၏။
ဆူးလားမိသားစုရဲ့ မျိုးနွယ်စဉ်ဆက် ထူးခြားချက်ကြောင့် သူတို့ စတင်ကျင့်ကြံတဲ့ အစောပိုင်းကာလတွေမှာ သူတို့အတွက် သုံးဆ လေးဆလောက် ပိုခက်ခဲတာကြောင့် သူတို့ရဲ့ ကျင့်ကြံမှုနှုန်းက အခြားသူတွေထက် ပိုနှေးတာပဲဖြစ်သည်။
ဒါပေမဲ့ ဆူးလားမိသားစုရဲ့ ကျင့်ကြံသူတွေက နတ်ဘုရားဘုရင်နယ်ပယ်အဆင့်ကို ကျော်ဖြတ်ပြီးပြီဆိုတာနဲ့ သူတို့သွေးဆက် နှိုးဆွလာမှာဖြစ်ပြီး သူတို့ကျင့်ကြံမှုလုပ်ငန်းစဉ်တွေဟာ အရင်ကထက် ပိုလွယ်ကူ ပိုမြန်ဆန်လာမှာဖြစ်သည်။ ကံဆိုးတာက ဆူးလားမိသားစုရဲ့ ပညာရှင်တွေအားလုံးက လွန်ခဲ့တဲ့ နှစ်ပေါင်းသိန်းကျော်တုန်းက ဖြစ်ပွါးခဲ့တဲ့ နတ်ဘုရားတွေနဲ့ မိစ္ဆာတွေအကြားက စစ်ပွဲကြီးမှာ သေဆုံးသွားခဲ့ကြ၏။ သူတို့ရဲ့သွေးဆက်တွေ နှိုးဆွပေးတဲ့ လျို့ဝှက်ပညာရပ်ဟာလည်း အဲ့ကတည်းက ပျောက်ကွယ်သွားခဲ့တာပဲဖြစ်သည်။ အကျိုးဆက်အနေနဲ့ ဆူးလားမိသားစုဟာ အဲ့ကတည်းက စပြီး ကျဆင်းလာတာပဲဖြစ်သည်။ နောက်ဆုံးတော့ သူတို့ရဲ့ အရင့်အရင်တုန်းက ရန်သူတွေ သူတို့ဆီ ရှာဖွေနေကြတာကြောင့် မိသားစုဝင်အများစုက ငရဲပြည်ကို ရွှေ့ပြောင်းလာခဲ့ကြတာဖြစ်သည်။
ဆုံးပါးသွားခဲ့တဲ့ ဆူးလားမိသားစုရဲ့ ပညာရှင်အနည်းငယ်က ငရဲမင်းကြီးနဲ့ အသိတွေလိုမျိုး ဖြစ်တာကြောင့် ဆူလားမိသားစုကို ငရဲပြည်ထဲ အခြေချခွင့်ပြုခဲ့တာပဲဖြစ်သည်။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
خيال (فانتازيا)စာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...