အပိုင်း ၁၂၇။ ကလော်ပြီး ဖြတ်ထုတ်လိုက်
"ဖုန့်မိသားစု? အဲ့မိသားစုနာမည်ကို တစ်ခါမှမကြားဖူးပါလား?"
ချွမ်ရှန်းက နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်အတွင်းက အင်အားစုတွေရဲ့ သတင်းအချက်အလက်တွေကို ပြန်စဉ်းစားရင်း မျက်ခုံးကြောတို့ တွန့်ကွေးသွားရပေမဲ့လည်း ဖုန့်မိသားစုလို့ခေါ်တဲ့ အင်အားစုအကြောင်း စဉ်းစားမရတာမို့ အဲ့ဒီ့မျိုးနွယ်စုက တသီးတခြားနေထိုင် ကျင့်ကြံနေတာမို့များလားလို့ သံသယဝင်သွားရတော့သည်။
ဖုန့်ရှီက သူ့အမေးကို ကြားတော့ ဆက်ပြောလိုက်၏၊ "အင်းပေါ့၊ ငါတို့အကြောင်း ဘယ်ကြားဖူးပါ့မလဲ၊ အဲ့တာက ငါ အခုလေးတင် ဖန်တီးလိုက်တာလေ။"
လူအုပ်ကြီး၊ "....."
ချွမ်ရှန်းရဲ့မျက်နှာက တမဟုတ်ချင်း ဖြူလျော်သွားပြီး တစ်ကိုယ်လုံး လှုပ်ခါသွားကာ မျက်ကြောရှုံ့သွားရတော့သည်၊ "မင်း...မင်း ငါ့နဲ့ ကစားရဲတယ်!"
ဖုန့်ရှီက ထင်မှတ်မထားစွာပင် အပြုံးတစ်ပွင့်ချွေလိုက်ကာ သူ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်၊ "မင်းနဲ့ကစားနေတယ်လို့ မင်းကို ဘယ်သူပြောလဲ။ ဖုန့်မိသားစုလို့ အခုလေးတင် ငါ စဉ်းစားမိသွားတယ်ဆိုတာ အမှန်ပဲ၊ အဲ့တာကြောင့် ငါတို့က ဖုန့်မိသားစု။ မင် မယုံချင်ဘူးလား? ကောင်းပြီလေ!" ဖုန့်ရှီက သူ့ရဲ့သည်းခံနိုင်မှုတို့ ကုန်ဆုံးသွားပြီမို့ 'ယုံချင်ယုံ' ဆိုတဲ့အမူအယာကို ပြလိုက်လေတော့သည်။
သူ ပြောပြီးနောက်မှာတော့ သူက ချွမ်ရှန်းကို အာရုံသိပ်မထားတော့ဘဲ ပေါ့ပါးတဲ့ခြေလှမ်းတို့နဲ့ ငရဲမင်းကြီးဆီ ဦးတည်သွားလိုက်ကာ ငရဲမင်းကြီးရဲ့ အင်္ကျီလက်ကို ကိုင်ဆုပ်လိုက်ပြီး အလိုလိုက်ခံထားရတဲ့အပြုအမူနဲ့ ပြောလိုက်၏။
"ခေါင်းဆောင်၊ ကျွန်တော်စဉ်းစားမိတဲ့နာမည်က မကောင်ဘူးလား?"
"ကောင်းတယ်။ ရှီစဉ်းစားမိတာတွေ အကုန်လုံးက ကောင်းတယ်။ အခုကစပြီး ကိုယ်တော်တို့က ဖု့န်မိသားစု။" ငရဲမင်းကြီးက သူ့ငုံ့ကြည့်လိုက်ပြီး ကောင်လေးရဲ့ ပြုံးနေတဲ့မျက်နှာကို ကြည့်လိုက်၏။ သူ့ရဲ့ ဘာခံစားချက်မှမရှိတဲ့မျက်နှာထက်က အရေးအကြောင်းတို့က အတော်ပျော့ပြောင်းသွားတာမို့ သူတို့ပတ်ဝန်းကျင်ကလူတွေအနေနဲ့ ထပ်ပြီး နောက်တစ်ကြိမ် ကြောင်အမ်းကာ မတ်တပ်မေ့သွားတော့ပြန်သည်။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasíaစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...