အပိုင်း ၉၈။ မြောက်ပိုင်းက မတော်တဆဖြစ်ရပ်
"ဒင်း၊ ဒင်း၊ ဒင်း..."
တိတ်ဆိတ်နန်းတော်ခန်းမတစ်ခုလုံးမှာတော့ ဖုန့်ရှီတိုက်မိလို့ လိမ့်သွားတဲ့ သလင်းစားပွဲပေါ်က ကျောက်စိမ်းဖြတ်ပိုင်းတွေရဲ့ အသံတို့သာ ရှိ၏။
သူက ဘုရင်ကြီးလက်ထဲကပစ္စည်းကို သိချင်စိတ်နဲ့ ကြည့်လိုက်တော့ အဲ့တာက Carendra ယူဆောင်လာခဲ့တဲ့ သလင်းကျောက်စိမ်းဖြတ်ပိုင်းတစ်ခုပဲဖြစ်သည်။ ဒီလိုကျောက်စိမ်းဖြတ်ပိုင်းမျိုးက စားပွဲပေါ်ကတွေနဲ့ မတူပေ။ အဲ့တာကို အဖြူရောင်သလင်းတစ်ခုရယ် အနီရောင်ကျောက်စိမ်းဖြတ်ပိုင်းတစ်ခုတို့ရဲ့နဲ့ သန့်စင်ထားတာဖြစ်ပြီး အရည်အသွေးမြင့် နက်နဲတဲ့ကိရိယာတစ်ခု ဖြစ်သည်။
ဒီလိုမျိုး သလင်းကျောက်စိမ်းဖြတ်ပိုင်းက လျို့ဝှက်နက်နဲတဲ့ပညာရပ်တွေနဲ့ ကျွမ်းကျင်တတ်မြောက်မှုတွေကို မှတ်သားထားပြီး မိသားစုအမွေအဖြစ် လက်ဆင့်ကမ်း သိမ်းဆည်းထားတတ်တာမျိုး ဖြစ်သည်။
သူ့မိသားစုရဲ့ နောက်တက်မယ့်ခေါင်းဆောင်တစ်ယောက်အနေနဲ့ Carendra က ဟိုးနှစ်ရှည်လများကတည်းက သလင်းကျောက်စိမ်းဖြတ်ပိုင်းကို လက်ခံထားရသူဖြစ်သည်။ ဆူးလားမိသားစုရဲ့ စွမ်းအားအကြီးဆုံးပညာရပ်နဲ့ ကျွမ်းကျင်တတ်မြောက်မှုတွေအပြင် ဆူးလားမိသားစုထဲက အကြီးတွေအားလုံးရဲ့ ကျင့်ကြံမှုအတွေ့အကြုံတွေကိုလည်း ကျောက်စိမ်းဖြတ်ပိုင်းထဲ ထည့်မှတ်ထားသည်ပင်။ အကြီးတွေအားလုံးက နတ်ဘုရားဥဿျောင်နယ်ပယ်အဆင့်ထက် ပိုနိမ့်တဲ့ နယ်ပယ်အဆင့်ကိုပဲ ရောက်ကြသေးပေမဲ့ Carendra ကတော့ အတွေ့အကြုံတွေကို အလွန်အဖိုးတန်တဲ့ အချက်အလက်တွေအနေနဲ့ မှတ်ယူထားဆဲပင်ဖြစ်သည်။
သူ ကျောက်စိမ်းဖြတ်ပိုင်းပေါ်က အတွေ့အကြုံတွေကို ဖတ်ရုံသာမဟုတ်၊ နောက်ဆက်ခံမယ့် သားစဉ်မြေးဆက်ကို ကိုးကားအနေနဲ့ အထောက်အကူပြုနိုင်ဖို့အတွက် သူ့ကိုယ်ပိုင်အတွေ့အကြုံတွေကိုလည်း အဲ့အပေါ်မှာ ရေးမှတ်ထားတာဖြစ်သည်။ အဲ့တာက ဆူးလားမိသားစုရဲ့ ခေါင်းဆောင်တိုင်း ထမ်းဆောင်ရမယ့် တာဝန်ပါပဲ။
YOU ARE READING
အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)
Fantasyစာသင်သားဖုန့်ရှီ -အပျော်တမ်းသူခိုး၊ ရည်မှန်းချက် -တစ်ကမ္ဘာလုံးရှိ ပစ္စည်းတွေခိုးဖို့၊ သေပြီးတာတောင် အငြိမ်မနေနိုင်တဲ့ဖုန့်ရှီ။ အကျိုးဆက်ကတော့ သူ ခိုးခဲ့တဲ့ပစ္စည်းတစ်ခုက နတ်ဘုရားတွေနဲ့ မိစ္ဆာတွေကြား စစ်ပွဲကြီးတစ်ခု အစပြုသွားစေခဲ့သည်။ ဤအမှန်တရား သိပြီ...